Thursday, October 31, 2013

ကမ္ဘာ့အသေးဆုံး စားသောက်ဆိုင်

Solo PerDue လို့အမည်ရတဲ့ အီတလီနိုင်ငံက စားသောက်ဆိုင်ဟာ ကမ္ဘာ့အသေးဆုံးစားသောက်ဆိုင်ဖြစ်ပြီးတော့ လူနှစ်ယောက်ပဲစားသောက်လို့ရပါတယ်။၁၉ ရာစုအစောပိုင်းထဲက ဖွင့်လှစ်ခဲ့ပြီးတော့ တစ်ရက်ကို ဧည့်သည်စုံတွဲ ၂ ယောက် သာလက်ခံပါတယ်။

နွေးထွေးတဲ့ မီးလင်းဖိုလေးရယ်၊ရိုမန်းတစ် ဆန်တဲ့ အပြင်အဆင်တွေရယ်က သင့်ကို ခမ်းနားတဲ့ ကမ္ဘာလေးထဲကို ခေါ်ဆောင်သွားမှာဖြစ်ပြီးတော့ အရသာရှိတဲ့ အစားအစာတွေကို စားသောက်နိုင်မှာဖြစ်ပါတယ်။


ပြီးရင်တော့ ဒီစားသောက်ဆိုင်လေးရဲ့ အမှတ်တရစာအုပ်မှာ လက်မှတ်ထိုးနိုင်ပြီးတော့ မှတ်သားထားနိုင်ပါတယ်။ဒီစားသောက်ဆိုင်မှာ တစ်သက်မှာ တစ်ခါဘဲ စားသောက်နိုင်ပြီးတော့ စားသောက်မယ်ဆိုရင် ဆယ်စုနှစ်တစ်ခုကြာအောင် ဘိုကင်ပေးထားရမှာဖြစ်ပါတယ်။

ဈေးနှုန်းကလဲ အလွန်ဈေးကြီးတယ်လို့ပြောလို့ရပေမယ့် ကမ္ဘာတစ်ဝှမ်းကလူတွေက ဒီစားသောက်ဆိုင်မှာ အနှစ် ၃၀ စာလောက်ဘိုကင် ယူထားပြီးသွားပြီ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါသည်

မောင်စိုင်း

No comments:

Post a Comment