နံပါတ် ၉
သခွားသီး ပက်ပ်စီ
သခွားသီးဟာ အေးမြပြီးလန်းဆန်းစေတယ်လို့ လူအများကလက်ခံထားပါတယ်။ဒါကြောင့်မို့ သခွားသီးလို အေးမြတယ်လို့ စကားတောင်ရှိပါတယ်။ဒါပေမယ့် သခွားသီးကို အအေးလုပ်ဖို့ မစဉ်းစားမိကြပါဘူး။ဂျပန်နိုင်ငံမှာတော့ သခွားသီးအရသာရယ် ကိုလာအရသာရယ်ပေါင်းစပ်မှု အသွင်သစ်နဲ့ ထုတ်လုပ်ထားတဲ့ သခွားသီး ပက်ပ်စီကို ရရှိနိုင်မှာဖြစ်ပါတယ်။သခွားသီးမကြိုက်တဲ့ သူတွေ အတွက်ကတော့ အော့အန်ချင်စရာအရသာ ဖြစ်နေမှာပါ
နံပါတ် ၈
အချင်းတိုင် အားဖြည့်အချိုရည်
အချင်းတိုင်ကို စားသောက်ရင်စွမ်းအားတွေပြည့်တယ်လို့ယူဆကြပြီးတော့ အချင်းတိုင်စွမ်းအားဖြည့်အချိုရည်ကို ထုတ်လုပ်လိုက်ပါတယ်။အချင်းတိုင် ၁၀၀၀၀ နဲ့ ၄၀၀၀၀ ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။အထဲမှာတော့ ဂျယ်လီလို အဖတ်လေးတွေက အချင်းတိုင်တွေနဲ့ပြုလုပ်ထားပြီး အားရှိအောင်သောက်သုံးကြပါတယ်။
နံပါတ်၇
ပင်စိမ်းစေ့ ဖျော်ရည်
ထိုင်းနိုင်ငံမှာ ရရှိပြီးတော့ ပင်စိမ်းစေ့တွေကို ပျားရည်နဲ့ရောစပ်သောက်သုံးနိုင်ပါတယ်။မြန်မာနိုင်ငံ အနေနဲ့ဆိုရင် အဆန်းမဟုတ်ပေမဲ့ အနောက်နိုင်ငံသားတွေအဖို့တော့ အဆန်းဖြစ်နေပါတယ်။ဒီမှာတော့ ပင်ပွားလို့ခေါ်တတ်ကြပါတယ်။
နံပါတ် ၆
ဝါဆာဘီ ဘီယာ
ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ ၀ါဆာဘီ ဘီယာဆိုရင် ထူးခြားတဲ့ အရသာကို ခံစားရမှာပါ။ပူတဲ့အပြင် အစပ်အရသာကို အသားပေးထုတ်လုပ်ထားတဲ့ ဘီယာပါ။အစပ်အရသာ နဲ့အချိုရည် ဖျော်ရည် အ၇က်တွေ မရှိပေမယ့် အခုတော့ ၀ါဆာဘီဘီယာဟာ သင့်ကို နှာရည်ထွက်အောင်ကို ပူစပ်ပူစပ် ဖြစ်စေမှာပါ။
နံပါတ် ၅
နွားသေးအချိုရည်
မအံသြပါနဲ့ နွားရဲ့ ကျင်ငယ်ရည် အစစ် ၁၀၀% အပြည့်ပါဝင်ပါတယ်။အိန္ဒိယမှာ ထုတ်လုပ်ခဲ့ပြီးတော့ နွားရဲ့ကျင်ငယ်ရည်အနံ့တောင် မထွက်ပါဘူးတဲ့။နွားကျင်ငယ်ရည်ဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်လို့ ဟိန္ဒူဆေးကျမ်းတွေမှာ ဖော်ပြထားတဲ့အတွက် အခုဆို နွားကျင်ငယ်ရည်ဟာ အရောင်းရဆုံးတံဆိပ်တွေထဲက တစ်ခုဖြစ်ပါတယ်။
နံပါတ် ၎
သွေးအချိုရည်
သွေးစုပ်ကောင်တွေ အတွက်လို့ မထင်လိုက်ပါနဲ့။လူတွေအတွက်ပါ။သွေးသောက်ရင် အားရှိသတဲ့။နွားတွေရဲ့ သွေးကို လတ်ဆတ်အောင် ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး ထုတ်ရောင်းကြတာပါ။သွေးအမျိုးအစားအလိုက်ရွေးချယ်သောက်သုံးနိုင်ပြီးတော့ HALAL နိုင်ငံတွေမှာ ဈေးကွက်ဝင်ရောင်းချကြပါတယ်။
နံပါတ် ၃
ဆေးလိပ် ဖျော်ရည်
ဆေးလိပ်မသောက်ရတဲ့ နေရာတွေမှာ ဆေးလိပ်သမားတွေ အရမ်းသောက်ချင်နေပြီဆိုရင် ဒီအအေးလေး ဖွင့်သောက်လိုက်ရုံပါပဲ။ဆေးလိပ်အနံ့နဲ့ ဆေးလိပ်အရသာပါဝင်ပါတယ်။ကျန်းမာရေးအတွက် ဆိုးကျိုးလုံးဝမဖြစ်စေပါဘူး။ဒီဘူးထဲမှာ နီကိုတင်းတွေ ပါဝင်ပြီးတော့ တောင်အာဖရိကက ဆေးမြစ်တမျိုးရဲ့ နီကိုတင်းနဲ့တူတဲ့ဓါတ်တွေ နဲ့ပြုလုပ်ထားတဲ့အတွက် ဆေးလိပ်နဲ့ဆေးရွက် တွေကနီကိုတင်းတွေလို ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူးတဲ့။
နံပါတ် ၂
ငါးရှည့် ဖျော်ရည်
ဂျပန်ကို ပြန်သွားကြစို့။သြဂုတ်လဟာ ဂျပန်နိုင်ငံရဲ့ ငါးရှည့်စားတဲ့လဖြစ်ပါတယ်။အဲဒီလမှာ ငါးရှည့်တွေကို ပုံစံအမျိုးမျိုးပြုလုပ်ပြီး ချက်ပြုတ်စားကြပါတယ်။ပြီးတော့ အခုလို အသင့်သောက် ငါးရှည့်ဖျော်ရည်တွေပါ ထုတ်လုပ်ပါတယ်။ငါးရှည့်တွေကို မွှေစက်ထဲထည့်ကာ အမှုန့်ဖြစ်သွားအောင် မွှေပြီးတော့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ညှီစို့စို့ အောက်သိုးသိုးအနံ့က အကျွမ်းတစ်ဝင်မရှိသူတွေ အဖို့ လန့်စရာကြီးဖြစ်နေတတ်ပါတယ်။
နံပါတ် ၁
အိပ်ပျော်စေတဲ့ အအေး
Red Bull နဲ့ ကျွဲရိုင်းအချိုရည်တွေက သင့်ကို အိပ်မပျော်အောင် တက်ကြွစေပါတယ်။ဒါကတော့ ကနေဒါနိုင်ငံက ထုတ်လုပ်ထားတဲ့ Slow cow လို့အမည်ရတဲ့ အိပ်ပျော်စေတဲ့ အချိုရည်ပါ။ဘူးမှာ အိပ်မက်လှလှ မက်ပါစေ လို့ရေးထားပြီးတော့ သောက်ပြီးတာနဲ့ သင်ထိုင်းမှိုင်းပြီးတော့ အိပ်ချင်လာမှာဖြစ်ပါတယ်။
မောင်စိုင်း
အားပေးမှုကို ကျေးဇူးတင်ပါသည်။
No comments:
Post a Comment