Wednesday, October 30, 2013

ထူးဆန်းသလို တကယ်လဲ အသုံးဝင်တဲ့ တီထွင်မှုများ

ငှက်အစာကျွေးလို့ရတဲ့ စဉ်းတီတုံး

ပေါင်မုန့်ကြမ်းတွေနဲ့ ကြွပ်ရွတဲ့မုန့်တွေကို လှီးဖြတ်တဲ့အခါမှာ အသုံးပြုနိုင်မှာဖြစ်ပြီး လှီးပြီးသွားရင် ကျလာတဲ့ အမှုန်တွေကို အပေါက်ကလေးတွေထဲ ထည့်လိုက်ရင် ငှက်စာအဖြစ်အသုံးပြုနိုင်ပါတယ်တဲ့။

ဘောပင်ထိပ်က ဇွန်းခက်ရင်းများ

ရုံးသမားတွေ အဆင်ပြေစေဖို့ပါတဲ့ တကယ်လို့ မုန့်တစ်ခုရှိပြီးတော့ စားဖို့ ဇွန်းနဲ့ ခက်ရင်းတွေ ရုံးခန်းထဲမှာ မရှိရင် ဒီဘောပင်ထိပ်စွပ်လေးတွေကို ရေပြောင်အောင်ဆေးပြီး စားသောက်နိုင်ပါတယ်။အသင့်အတင့်မာကျောပြီး လှီးဖြတ်နိုင်အောင်လို့ ဒီဇိုင်းထုတ်ထားပါတယ်။

နက်တိုင် အရက်ပုလင်း

ရှကီဘဲတွေ အတွက်တော့ အံကိုက်ပဲ။အလုပ်ချိန်မှာအရက်မသောက်ရဘူး ဆိုတဲ့စည်းကမ်းတွေနဲ့ မသောက်ရင် မနေနိုင်တဲ့ လူတွေအတွက် စီမံထားတာပါ။အပေါ်က ကုတ်အကျီကို ကျပ်ကျပ်ဝတ်လိုက်ရင် အထဲမှာ အရက်တွေထည့်ထားမှန်းမသိနိုင်ပါဘူး၊ကုတ်အကျီမပါဘဲနဲ့တော့ မတပ်နဲ့ပေါ့။အလေးချိန်ကြောင့် သိသာစေမှာဖြစ်ပါတယ်။

မီးလင်းတဲ့ ဖိနပ်

ညဘက် အပေါ့အပါး သွားချင်လို့ဘဲဖြစ်ဖြစ် အမှောင်ထဲမှာ လမ်းလျောက်ရင် ခလုတ်တိုက်မိ၊တစ်ခုခုကို နင်းမိတာတွေ၊ချော်လဲတာတွေ ဖြစ်တတ်ကြတဲ့အတွက် မီးလင်းတဲ့ ဖိနပ်ကို တီထွင်လိုက်ပြီးတော့ ဖိနပ်ကို ညအချိန်မှာ စီးလိုက်တာနဲ့ မီးလင်းစေမှာဖြစ်ပါတယ်။နေ့ဘက်မှာ စီးရင်တော့ မီးမလင်းပါဘူးတဲ့

စန္ဒယား လူခေါ်ဘဲလ်

ခလုပ်ငါးခုပါဝင်ပြီး အသံငါးခုမြည်နိုင်တဲ့ ဒီလူခေါ်ဘဲလ်ဟာ စောင့်ရတဲ့လူတွေ အတွက်ဖန်တီးပေးထားတာပါ။တကယ်လို့ ဘဲလ်တီးတာတောင် အထဲက တုံပြန်မှုကို စောင့်နေရမှာပျင်းရင် ကိုယ်တတ်သလောက်မှတ်သလောက် စန္ဒယားတီးနိုင်ပါတယ်။အထဲကလဲ နားငြီးလို့ ချက်ချင်းထွက်လာမှာဘဲ။

ပင်ပေါင် ရိုက်လို့ရတဲ့ တံခါး

ကျောင်းသားတွေနေတဲ့ အဆောင်မှာ စမ်းသပ်တပ်ဆင်ခဲ့ပြီး ဟိုဖက်အခန်းနဲ့ ဒီဖက်အခန်း မကြေပွဲနွဲလို့ ရအောင်စီစဉ်ပေးထားပါတယ်။

ခွေးတူဘဲတူ နှုတ်သီး

သင့်အိမ်မှာ ကိုက်တတ်တဲ့ခွေးရှိသလား၊ဧည့်သည်တွေအိမ်လာပြီဆိုရင်တော့ ဒီလိုနှုတ်သီးစွပ်လေးကို တပ်ဆင်ပေးထားရင် ခွေးကလဲကိုက်လို့မရတော့၊ရုပ်ကလဲ ရုပ်ပြောင်ဖြစ်သွားတာပေါ့။အဲဒီတော့ သင့်ခွေးကို အခန်းထဲမှာ ပိတ်ထားစရာ ကြိုးချည်ထားစရာလဲ မလိုတော့ဘူးပေါ့

လမ်းလျှောက်ဆောင်း ခွေးထီး

လာပြန်ပြီ။ခွေးချစ်သူများအတွက်ပါပဲ။မိုးတွင်းပဲဖြစ်ဖြစ် နှင်းကျတဲ့ဆောင်းတွင်းပဲ ဖြစ်ဖြစ် ခွေးထွက်ကျောင်းရင် ကိုယ်ကတော့ ထီးဆောင်းပြီး ခွေးလေးကိုမဆောင်းပေးတာ မတရားရာမကျဘူးလား။အခုတော့ ခွေးကို ထီးဆောင်းပေးနိုင်တဲ့ ထီးလေးပေါ်လာပါပြီ

ရေသေနတ်ထီး

ထီးအကြောင်းပြောရင်းနဲ့ တစ်ခါထဲပြောရဦးမယ်။ဒီထီးကတော့ မိုးရွာထဲဆောင်းရင်း သူများတွေကို လိုက်ပြီးရေပက်လို့ရအောင် တီထွင်ခဲ့တာပါ။ထီးရဲ့အပေါ်မှာ မိုးရေခံချိုင့်ခွက် တစ်ခုရှိပြီးတော့ အဲဒီကမိုးရေတွေနဲ့ အောက်ကသေနတ်နဲ့ ချိတ်ဆက်ပြီး ၁၀ ပေအကွာလောက်ထိ ပစ်နိုင်ပါတယ်။

စကူတာ ကလေးတွန်းလှည်း

လူမမည် ကလေးရှိတဲ့ မိဘတွေဆို ကလေးတွန်းလှည်းတွန်းပြီး ဈေးသွားတာ တွေလုပ်ရင်အရမ်းကို အချိန်ကြာပါတယ်။ခြေထောက်လဲညောင်းပါတယ်။အခုတော့ ကလေးလဲသယ်ပြီး မြန်မြန်သွားနိုင်ဖို့ စကူတာကို တီထွင်လိုက်ပါတယ်။သတိနဲ့ မောင်းဖို့တော့လိုတယ်နော်။

အားပေးမှုကို ကျေးဇူးတင်ပါတယ်။

မောင်စိုင်း

No comments:

Post a Comment