Thursday, October 24, 2013

Disney ကနေ ဖွင့်လှစ်တော့မယ့် AVATAR LAND

Disney ကုမ္မဏီဟာဆိုရင် Disney Land တွေကို ကမ္ဘာအ၀ှမ်းတည်ထောင်ပြီးတော့ အပန်းဖြေကစားကွင်းတွေ အဖြစ်တစ်ဖက်တစ်လမ်းက စီးပွားရှာနေပါတယ်။အခုလဲ AVATAR ဇတ်လမ်းကြိုက်သူတွေအတွက် AVATAR LAND တစ်ခုကို ဖွင့်ဖို့ကြိုးစားနေပါတယ်တဲ့။


ဒီတစ်ခါ ဖွင့်လှစ်မဲ့ AVATAR LAND ဟာ ထူးခြားဆန်းပြားအောင် ပြုလုပ်ထားပြီးတော့ အားလုံးနီးပါးဟာ စက်ရုပ်တွေ ဖြစ်ပါတယ်။အပင်တွေနဲ့ သက်ရှိတွေ၊အကောင်ကြီးတွေ၊ပန်းပင်တွေဟာ အကုန်လုံး စက်ရုပ်တွေဖြစ်ပါတယ်။ထိလိုက်ရင် ကျုံ့ဝင်သွားတဲ့ အပင်ကြီးတွေ၊ဂျယ်လီငါးလေးတွေလို လေပေါ်မှာ အလင်းရောင်ထွက်ပြီး ပျံသန်းနေတဲ့ ပန်းလေးတွေ အားလုံးဟာ ခေတ်မီ နည်းပညာနဲ့ပြုလုပ်ချက်တွေပါ။


ကုန်းလမ်း၊ရေလမ်း၊လေကြောင်းလမ်းကနေ လိုက်လံကြည့်ရှုနိုင်ပါတယ်။ကုန်းလမ်းကဆိုလဲ တင့်ကားတွေနဲ့ ဇတ်ကားထဲမှာပါတဲ့ အသေးစားကားလေးတွေ မောင်းနှင်ပြီးကြည့်နိုင်သလို လမ်းလျှောက်ပြီးလဲ ကြည့်နိုင်ပါတယ်။ရေလမ်းမှာတော့ လှေတွေနဲ့ ရေသတ္တ၀ါတွေကို စီးနင်းနိုင်သလို လေကြောင်းလမ်းကိုတော့ ဟယ်လီကော်ပတာတွေ အပြင် ငှက်တွေကိုလဲ စီးနင်းနိုင် ပြီးနေရာအနှံ့လိုက်ကြည့်ရှုနိုင်ပါတယ်။


AVATAR ရဲ့ အကြီးဆုံးအပင်ကြီးဖြစ်တဲ့ သစ်ပင်ကြီးပေါ်မှာလဲ စားသောက်ဆိုင်တွေ၊အိပ်ရာတွေနဲ့ အခြားလည်စရာပတ်စရာတွေ လဲပါဝင်နေပြီးတော့။တောနက်ကြီးထဲမှာလဲ အကောင်တွေနဲ့ တိုက်ခိုက်ဆော့ကစားရမှာဖြစ်ပါတယ်။၂၀၁၆ မှာဖွင့်ဖို့ရည်ရွယ်ထားပြီး ဘယ်နေရာမှာ ဖွင့်မယ်ဆိုတာတော့ လှို့ဝှက်ထားပါတယ်။


နာဗင်းတွေရဲ့ အ၀တ်အစားတွေကိုလဲ ၀တ်ဆင်နိုင်ပြီးတော့ အမှတ်တရပစ္စည်းတွေလဲ အားလုံးရောင်းချပေးမှာဖြစ်ပါတယ်တဲ့


မောင်စိုင်း

အားပေးမှုကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment