Giovanni Paolo Panini's Painting
Giovanni Paolo Panini ရဲ့ အသေးစိတ်ဆန်လွန်းတဲ့ ပန်းချီကား
၁၇၅၉ ခုနှစ်က ပန်းချီဆရာ Giovanni Paolo Panini ရေးဆွဲခဲ့တဲ့ ခေတ်သစ်ရောမမြို့ပန်းချီကားပါ။အရမ်းအသေးစိတ်ဆန်လွန်းပြီးတော့ ပုံရဲ့အပိုင်းသေးသေးလေးက ပန်းချီကားထဲကိုပါ အသေးစိတ် အနုစိတ်ရေးဆွဲနိုင်တာဟာ အံ့သြစရာကောင်းလောက်အောင် အနုစိတ်ပါတယ်။
Gallery With Views of Modern Rome, 1759 by Giovanni Paolo Panini
First World Cup Ball
ပထမဆုံး ကမ္ဘာ့ဖလားမှာ အသုံးပြုခဲ့တဲ့ ဘောလုံး
၁၉၃၀ ခုနှစ် ဖင်လန်နိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အသုံးပြုခဲ့တဲ့ ဘောလုံးပါ။နောက်ဆုံးဗိုလ်လုပွဲမှာ ဥရုဂွေးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဒီဘောလုံးကို ဒုတိယပိုင်းမှာ အသုံးပြုခဲ့တာပါ
The First World Cup football used in Final, 1930.
Smoke Umbrella
စီးကရက်အတွက် ထီး
၁၉၅၄ ခုနှစ်ကတီထွင်ခဲ့တာပါ။မိုးရွာတဲ့ရက်တွေမှာ မိုးရေထဲမှာ ဆေးလိပ်သောက်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
A cigarette umbrella to smoke on rainy days, 1954.
Feather art
ငှက်မွှေးပေါ်က ပန်းချီ
ငှက်မွှေးပေါ်မှာ ဒီလိုမျိုးပန်းချီလေးတွေကို ပန်းချီဆရာ Julie Thompson ဆိုသူက ရေးဆွဲတတ်ပါတယ်။
Ball pen painter
ဘောပင်နဲ့ပဲဆွဲထားတာပါတဲ့
ယုံကြည်ဖို့တော့ ခက်လိမ့်မယ် ဒါပေမယ့် ဒီပုံတွေအားလုံးက သာမန်ဘောပင်နဲ့ပဲဆွဲထားတာဆိုရင်ပေါ့။ ယူကေက ပန်းချီဆရာ Gareth Edwards က ဒီလိုမျိုး ပုံတွေကို သာမန်ဘောပင်လေးနဲ့ရေးဆွဲပြီးတော့ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အူဒရေး ဟက်ပ်ဘန်၊ဝေါ့ဒ် ဒစ်စနေး နဲ့ နာတာလီ ပေါ့ပ်မန်း တို့ရဲ့ပုံတွေကိုရေးဆွဲပါတယ်။
It’s hard to believe, but these painting are made with a regular Bic Ballpoint pen. They are tricky; the simplicity of the ballpoint pen is deceiving. Artist Gareth Edwards from UK draws extraordinarily detailed portraits using only pens, creating portraits of famous celebrities as Audrey Hepburn, Walt Disney and Natalie Portman.
သူ့ရဲ့လက်ရာပုံတွေပါ။
The Great artist
ခြေထောက်နဲ့ဆွဲတဲ့ပန်းချီဆရာ
တရုတ်နိုင်ငံက ပန်းချီဆရာ Huang Guofu ဆိုသူဟာ လက်နှစ်ဘက်မရှိပါဘူး။သူ့ရဲ့ အသေးစိတ်ဆန်တဲ့ပန်းချီတွေကိုတော့ သူ့ရဲ့ခြေထောက်တွေ ပါးစပ်တွေနဲ့ ရေးဆွဲလေ့ရှိပါတယ်။
Chinese Artist Huang Guofu Paints Using Only His Mouth & Feet!
Giant bottle fish in Rio
ဘရာဇီးနိုင်ငံက ပလတ်စတစ်ဘူးတွေနဲ့လုပ်ထားတဲ့ ငါးရုပ်ကြီး
အနုပညာလက်ရာတစ်ခုအနေနဲ့ ရီယိုဒီဂျနေးယိုးရဲ့ ဘိုတာဖိုဂို ကမ်းခြေမှာ ကျင်းပခဲ့ပါတယ်။ပလတ်စတစ်ဘူးတွေကို ပြန်လည်အသုံးပြုထားပြီးတော့ ရီယိုညီလာခံရဲ့+၂၀ အခမ်းအနားအတွက်ရည်ရွယ်ပြီး ပြသခဲ့တာပါ။
An art installation on Botafogo Beach in Rio de Janeiro, Brazil shows three gigantic fishes made from discarded plastic bottles. The slogan on a sign beside the installation loosely translates to, “recycle your attitude”. The sculptures were created to raise awareness for the recently completed United Nations Conference on Sustainable Development, dubbedRio+20
3D Floor
မြေပြိုနေသလား ထင်မှတ်မှားရတဲ့
ပညာရှင် Erik Johanssoon ရဲ့ဖန်တီးမှုတစ်ခုပါ။မြေကြီးကျွံဝင်သွားတယ်လို့တောင် စိတ်ကို ထင်မှတ်မှားစေနိုင်ပါတယ်။အသေးစိတ်ကိုတော့ အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။
by Erik Johanasson for more detail click this link
Erik Johanasson's site
Balloon Dress
ဂျပန်ပညာရှင်ရဲ့ ပူဖောင်းအင်္ကျီ
ဂျပန်နိုင်ငံက ပညာရှင် Rie Hosokai ပြုလုပ်ထားတာဖြစ်ပါတယ်။သူ့ကို ဒေစီဘောလုံး လို့လဲအများက ခေါ်ကြပါတယ်။၁၉၇၆ ခုနှစ်မှာမွေးဖွားတဲ့ ဒေစီဟာ အရင်တုန်းက အနုပညာဒါရိုက်တာ၊ဂရစ်ဖစ် ဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။သူ့ရဲ့ အအောင်မြင်ဆုံးအနုပညာကတော့ ဘောလုံးနဲ့ အင်္ကျီတွေ၊ဂါဝန်တွေ ပြုလုပ်တာဖြစ်ပြီး ကမ္ဘာတစ်လွှား သူ့ရဲ့ အနုပညာပြပွဲတွေကို လိုက်လံပြသလျက်ရှိပါတယ်။
ဒေစီရဲ့ပြခန်း(Daisy balloon's Gallery)
Italian artist Marcello Barenghi
အီတလီက 3D ပန်းချီပညာရှင်
အီတလီနိုင်ငံသား ပန်းချီဆရာ Marcello Barenghi ဟာလုံးဝကို မယုံနိုင်လောက်အောင်ကောင်းတဲ့ ရုပ်လုံးကြွပန်းချီတွေ ရေးဆွဲတတ်သူပါ။အများအားဖြင့် အိမ်သုံးပစ္စည်းတွေကို ရေးဆွဲတတ်ပြီး ရောင်စုံခဲတံတွေနဲ့ ရေးဆွဲတတ်ပါတယ်။ပုံတစ်ခုပြီးဖို့ လေးနာရီကနေ ခြောက်နာရီလောက်ကြာမြင့်တတ်ပါတယ်။သူ့ရဲ့ပန်းချီလက်ရာတွေ အများကြီးကို ကြည့်ချင်ရင်တော့
အောက်မှာ လင့်လေးပေးထားပါတယ်။
Italian artist Marcello Barenghi creates incredibly realistic 3D drawings of everyday objects. He uses colored pencils to draw taking approximately 4 to 6 hours to complete each piece.
Click this link to see more:
3D ပန်းချီများ(His website)
This is not a REAL WHALES!!!
ဝေလငါးကမ်းခြေပေါ်တင်နေတဲ့ပုံစံ အနုပညာပြပွဲ
'Captain Boomer' ရဲ့ အင်စတော်လေးရှင်းပြပွဲတစ်ခု ဖြစ်တဲ့ ဝေလငါးကမ်းခြေတင်တဲ့ပြပွဲကို လန်ဒန်မြို့ သိမ်းမြစ်ရဲ့ ကမ်းတစ်နေရာမှာပြုလုပ်ခဲ့ပါတယ်။တကယ်တော့ ဒီငါးကို ဖိုက်ဘာ တွေနဲ့ပြုလုပ်ထားပြီးတော့ တကယ့်အစစ်နဲ့ ချွတ်စွပ်နီးပါး ဆင်တူပါတယ်။ပြီးတော့ သူဟာ တကယ့်ဝေလငါးကမ်းပေါ်တင်နေတယ်လို့ ထင်အောင် သရုပ်ဆောင်တွေငှားပြီးတော့ ဒီဝေလငါးကို ကယ်တင်ဖို့ကြိုးစားကြပါတယ်။ပြည်သူတွေကလဲ တကယ့်ဝေလငါးလို့ထင်ပြီးပူးပေါင်းပါဝင်ကြပါတယ်။နောက်မှသာ အနုပညာပြပွဲတစ်ခုဆိုတာ သိကြပါတော့တယ်။
An installation by creative collective 'Captain Boomer' simulates a real beached whale. Placed on the bank of the River Thames in London, the sculpture looks exactly like a real whale. The team from Captain Boomer used fiberglass to make the gargantuan sculpture. In addition, they enhanced the realism of the installation by hiring actors. Fake professionals were placed on the scene to simulate an actual rescue effort. Experts from the British Divers Marine Association were also present to explain the situation.
Jim Victor's Gallery
အစားအစာပန်းပုပညာရှင် ဂျင်ဗစ်တာ
Jim Victor လို့ခေါ်တဲ့ သူဟာ အနုပညာရှင်နဲ့ဆရာအဖြစ် အနှစ်သုံးဆယ်အတွေ့အကြုံရှိပါတယ်။သူ့ရဲ့ အစားအစာပန်းပုတွေဟာ နယူးယော့ခ်တိုင်းမဂ္ဂဇင်း၊ဖီလာဒဲဖီးယား မဂ္ဂဇင်းနဲ့ အခြားမဂ္ဂဇင်းတွေမှာ ပါဝင်ခဲ့ပြီး နာမည်ကြီးခဲ့ပါတယ်။သူ့ရဲ့ ချောကလက်ပန်းပုတွေ၊ချိစ် ပန်းပုတွေနဲ့ ထောပတ်ပန်းပုတွေဟာ ထင်ရှားပြီး နွားနို့ဆိုင်လို့ အမည်ရတဲ့ ထောပတ်ပန်းပုဟာ အလွန်နာမည်ကြီးပါတယ်။သူ့ရဲ့ပန်းပုတွေ ကြည့်ချင်ရင်တော့ အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်။
Jim Victor is a sculptor with over thirty years experience as an artist and teacher.His sculpture have appeared in the New York Times,Philadelphia Magazine,Der spiegel and others.They are also featured in private and public collections including the Jimmy Carter Presidential Library.
For more information click this link:
ဂျင်ရဲ့ပြတိုက်(Jim's Gallery)
Eggshells sculptures
ကြက်ဥခွံပေါ်က အနုပညာ
Christel Assante လို့ခေါ်တဲ့ပြင်သစ်သူလေးကတော့ ဥခွံပေါင်းစုံပေါ်မှာ လက်ရာမြောက်တဲ့ ပန်းပုတွေ၊ဆေးခြယ်တွေ ပြူလုပ်တတ်သူလေးပါ။သူမရဲ့ လက်ရာတွေဟာ အသေးစိတ်ဆန်လွန်းတာကြောင့် လူကြိုက်များပြီး ပြပွဲတွေတောင် လိုက်လံပြသပါတယ်။အခုပုံလေးတွေကတော့ သူမရဲ့လက်ရာ စုစည်းမှုလေးဖြစ်ပါတယ်။
Eggshells sculptures by Christel Assante
She carves and paints all sorts of egg shells from quail to ostrich egg shells,
and attend numerous shows either in Compiègne (decorated egg shell show of Compiègne)
or Nimes (Nimagine), the art crafts show in Nimes.
Here is an interview of Christel
အင်တာဗူးကြည့်ရန်(Interview Link)
No comments:
Post a Comment