ဟယ်လိုဝိန်းပွဲဆိုတာ
ဟယ်လိုဝိန်းပွဲဆိုတာ အမေရိကန်မှာ အထူးသဖြင့်ကျင်းပကြပါတယ်။အခုနောက်ပိုင်းတော့ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပကြလေ့ရှိပြီးတော့ များသောအားဖြင့် အနောက်တိုင်း ခရစ်ယာန်နိုင်ငံတွေမှာ ကျင်းပပါတယ်။နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ဟယ်လိုဝိန်း ညဖြစ်ပါတယ်။အလယ်ခေတ်မှာ သူတော်ကောင်းတွေကို (Hallows)လို့ ခေါ်ကြပြီးတော့ အဲဒီနေ့ကတော့ သူတော်ကောင်းတွေနဲ့ ဆွေမျိုးတွေထဲက သေဆုံးသွားပြီး နတ်ပြည်ရောက်သွားတဲ့ နတ်သားတွေအတွက် ပူဇော်ကြပါတယ်။အဲဒီ Hallows တွေကနေ ဟယ်လိုဝိန်းဆိုပြီး ပြောင်းလဲလာတာပါ။
ဟယ်လိုဝိန်းလို့ပြောလိုက်တာနဲ့ဖရုံသီး မီးပုံးတွေကိုမြင်ကြရမှာပါ။အဲဒီဖရုံသီးတွေကတော့ ခေါင်းပြတ် ဖရုံသီး သရဲ Jack-O-Lantern ရဲ့အမှတ်အသားဖြစ်ပါတယ်။ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး ကလေးတွေရော လူကြီးတွေရော သရဲတို့၊စုန်းတို့ နောက်ပြီးမြင်နေကြမဟုတ်တဲ့ အ၀တ်တွေဝတ်ကြပြီးတော့ အိမ်လည်ကြပါတယ်။ကလေးတွေက Trick or Treat ဆိုတဲ့ကစားနည်းကို ကစားကြတယ်။မုန့်ကျွေးမလား အစနောက်ခံမလားပေါ့ အိမ်ပေါက်ဝမှလိုက်ပြီးတော့ တောင်းကြပါတယ်။လူကြီးတွေက သကြားလုံးတွေ မုန့်တွေ ပေးရပါတယ်။မပေးရင် စနောက်ကြပါတယ်။ခရမ်းချဉ်သီးတွေ၊ကြက်ဥတွေနဲ့ ပစ်ပေါက်ကြပါတယ်။
အိမ်တွေမှာ ပါတီပွဲတွေ ကျင်းပပြီးတော့ ပန်းသီးရေပေါ်စားနည်းတွေ၊ဖယောင်းတိုင်မှုတ်နည်းတွေ နဲ့ အခြားဂိမ်းတွေကို ဆော့ကစားကြလေ့ရှိပါတယ်။ပြီးရင်တော့ ညနက်နက်မှာ သွားလေသူအိမ်သားတွေ အဘိုးတွေရဲ့ သချိုင်းကုန်းက အုတ်ဂူကိုသွားပြီးတော့ ဖယောင်းတိုင်တွေ၊စားစရာတွေနဲ့ ပန်းတွေသွားပေးလေ့ရှိကြပါတယ်။
မောင်စိုင်း
Blog Archive
-
▼
2013
(14)
-
▼
October
(9)
- ကမ္ဘာ့အသေးဆုံး စားသောက်ဆိုင်
- လူတွေဖန်တီးခဲ့တဲ့ အံသြစရာများ
- ဖေ့ဘုတ်ပေါ်မှ နာမည်အကြီးဆုံးပုံများ
- လုံးဝရှိမှာ မဟုတ်ဘူးလို့ ထင်နေတဲ့ အကောင်တွေ
- ထူးဆန်းသလို တကယ်လဲ အသုံးဝင်တဲ့ တီထွင်မှုများ
- Halloween ဟယ်လိုဝိန်း
- Disney ကနေ ဖွင့်လှစ်တော့မယ့် AVATAR LAND
- ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားက သောက်စရာများ
- ကမ္ဘာတစ်ဝှမ်းက အန္တာရာယ်အများဆုံး မြို့ ၇ မြို့
-
▼
October
(9)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment