Thursday, October 31, 2013

လုံးဝရှိမှာ မဟုတ်ဘူးလို့ ထင်နေတဲ့ အကောင်တွေ

နှုတ်ခမ်းနီနဲ့ငါး

ဂါလာပေးဂိုးစ် ကျွန်းတွေမှာ တွေ့ရပြီးတော့ တကယ်တမ်းကတော့ ရေကူးတာညံ့တဲ့ငါးဖြစ်ပါတယ်။သူ့ရဲ့မာကျောတဲ့ ရေယက်တောင်တွေနဲ့ သမုဒ္ဒရာတွေရဲ့ ကြမ်းပြင်မှာ သွားလာနိုင်တာဖြစ်ပါတယ်။

ဘီလူးငါးမန်း

အ၀တ်စနဲ့လုပ်ထားတဲ့အရုပ်ကြီးလို့ ထင်ရပေမယ့် တကယ်ရှိပါတယ်။ပင်လယ်ရေမျက်နှာပြင်မီတာ ၁၀၀ အောက်မှာကျက်စားကြပြီးတော့ အကောင်ကြီးတွေက ရေနက်ပိုင်းမှာ ပိုမိုနေထိုင်တတ်ကြပါတယ်။

ပန်ဒါပုရွက်ဆိတ်

ပုရွက်ဆိတ်အမျိုးပေါင်း ၃၀၀၀ ထဲကမှ Mutillidae မျိုးနွယ်တွေဟာ ကြီးမားပြီးတော့ ရှည်လျားတဲ့ အမွေးတွေဖုံးအုပ်နေပြီးတော့ အဖြူနဲ့ အမဲရောင်ရှိပါတယ်။ချီလီနိုင်ငံမှာ တွေ့ရပြီးတော့ အမွှေးတွေနဲ့ အရောင်တွေကြောင့်ပန်ဒါပုရွက်ဆိတ်လို့ လူသိများပါတယ်။

လိင်တံမြွေ

အမျိုးသားတွေရဲ့လိင်အင်္ဂါနဲ့တူတဲ့အတွက် ဒီနာမည်ပေးထားတာဖြစ်ပါတယ်။မျက်လုံးမပါတဲ့ Atretochana eiselti လို့ခေါ်တဲ့ တွားသွားမျိုးနွယ်ဝင်ဖြစ်ပါတယ်။ရေအောက်မှာ နေထိုင်ကြပြီးတော့ ပြားတဲ့ဦးခေါင်းရှိကာ ရေယက်ပြားနှစ်ခုပါဝင်ပါတယ်။

Umbonia Spinosa

အင်းဆက်မျိုးနွယ်ဝင်ပိုးကောင်ဖြစ်ပြီးတော့ အပင်နဲ့ပန်းပွင့်တွေက ၀တ်ရည်တွေကို စားသောက်တတ်ကြပါတယ်။သူတို့ရဲ့နောက်ကြောပိုင်းနဲ့ ၀မ်းဗိုက်ပိုင်းကို တော့ မာကြောပြီး ပန်းပွင့်နဲ့သဏ္ဍာန်တူတဲ့ အရာတစ်ခုနဲ့ဖုံးအုပ်ထားပါတယ်။အမေဇုံ မုတ်သုန်တောတွေမှာ တွေ့ရပါတယ်။

ဖြူကောင်တစ်မျိုး

မာဒါဂတ်စကာမှာတွေ့ရတဲ့ ဖြူကောင်တစ်မျိုးဟာ ကိုယ်လုံးသေးငယ်ပြီးတော့ အစွမ်းလဲထက်ပါတယ်။မြွေနဲ့ကင်းမြီးကောက်တွေကိုတောင် ဖမ်းယူစားသောက်တတ်ပြီးတော့ အဆိပ်စူးတွေကလဲ သူ့ရဲ့အကောင်းဆုံးလက်နက်ပါတဲ့

ဝတ်ရည်စုပ်ဌက်သဏ္ဍာန် ပိုးဖလံ

အမေရိကနဲ့ ကနေဒါတွေမှာတွေ့ရတတ်ပြီးတော့ သိမ်းငှက်ပိုးဖလံလို့ခေါ်ကြတဲ့ ဒီ ပိုးဖလံတစ်ကောင်ဟာ ၀တ်ရည်စုပ်ဌက်နဲ့သဏ္ဍာန်တူပြီး တောင်ပံခတ်သံတွေကလဲ အတူတူပဲဖြစ်ပါတယ်။သူကလဲ ပန်းဝတ်ရည်တွေကို စုပ်ယူစားသောက်တာဖြစ်ပါတယ်။

Glaucus Atlanticus


နဂါးပြာလို့ လူသိများတဲ့ ဒီအကောင်ဟာ အပြာရောင် ပင်လယ်မျော့တစ်မျိုးဖြစ်ပါတယ်။သမုဒ္ဒရာရဲ့ ရေနွေးတဲ့နေရာတွေမှာ နေထိုင်ကြပြီးတော့ ရေပေါ်မှာ ဘောလောပေါ်နေတတ်ပါတယ်။

ကျိုင်းကောင်ပုဇွန်

ပုဇွန် ဆိုပေမယ့် ကျိုင်းကောင်ပုံစံ ထွက်နေပါတယ်။ပုဇွန်သတ်သမားလို့ လဲလူသိများပြီး ပုဇွန်ဆိတ်ကလေးတွေကို ဖမ်းယူသတ်ဖြတ်လို့ ဖြစ်ပါတယ်။ကမ်းဦးရေတိမ်ပိုင်းတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

Venezuelan Poodle Moth

ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၀၉ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အမြင်ဆန်းတဲ့ အကောင်တစ်မျိုးပါ။သူ့ရဲ့ခေါင်းက ဦးမြှင်တွေဟာ တောင်ဆိတ်ရဲ့ ချိုတွေလို အလွန်လှပပါတယ်။ညဘက်ပိုင်းမှာသာ တွေ့ရလေ့ရှိပါတယ်။

လူလိုသွားတွေပါတဲ့ ငါး

ပါကူငါးလို့ခေါ်ပြီးတော့ ပါပူအာ နယူးဂီနီမှာ တွေ့ရတဲ့ငါးတစ်မျိုးပါ။သူ့ရဲ့ သွားတွေက လူလိုပဲ သွားတွေဖြစ်ပြီး ဒေသခံငါးဖမ်းသမားတွေကတော့ ကံဆိုးခြင်းလို့ ယူဆပါတယ်။ဒီငါးဟာ ပိုက်ကွန်တွေကို သူ့သွားတွေနဲ့ ကိုက်ဖြတ်တတ်လို့ ဖြစ်ပါတယ်။

သစ်ပင်မြွေပွေး

အာဖရိကရဲ့ သစ်တောတွေမှာတွေ့ရပြီးတော့ ဒီမြွေပွေးရဲ့ အကြေးခွံတွေဟာ သစ်ရွက်တွေလို ဖြစ်နေပါတယ်။အဆိပ်ပြင်းတဲ့ မြွေတစ်မျိုးဖြစ်ပေမယ့် အရောင်ကတော့ တောက်ပတာကြောင့် လူသိများပါတယ်။

အိုကာပီ

ကွန်ဂိုနိုင်ငံရဲ့ အထိမ်းအမှတ်လဲဖြစ်ပြီးတော့ ကွန်ဂိုမှာပဲတွေ့ရတဲ့ ဒီအကောင်တွေဟာ မြင်းကျားမကျ သစ်ကုလားအုတ်မကျ ဖြစ်ပါတယ်။အပြေးမြန်ပြီးတော့ အခုအခါမှာ အကောင်ရေနည်းနည်းသာ သဘာဝအတိုင်းကျက်စားတော့ပါတယ်။


No comments:

Post a Comment