Thursday, October 31, 2013

လူတွေဖန်တီးခဲ့တဲ့ အံသြစရာများ

နံပါတ် ၁၀
တရုပ်ပြည်က Forbidden City

 ၁၄၀၆-၁၄၂၀ မှာဆောက်လုပ်ခဲ့တဲ့ ဒီနန်းတော်ဟာ မြေဧရိယာ ၇၂၀၀၀၀ စတုရန်းမီတာရှိပါတယ်။တရုပ်ဘုရင်တွေ ရာစုနှစ်တစ်ခုကြာလောက် အုပ်စိုးခဲ့တာဖြစ်ပြီးတော့ ကြီးမားပြီး လှပတဲ့ ဗိသုကာလက်ရာတွေ တွေ့မြင်နိုင်ပါတယ်။

နံပါတ် ၉
စိန့် ဘေစယ်ရဲ့ ဘုရားကျောင်း

မော်စကိုမှာတည်ရှိပြီးတော့ ၁၆ ရာစုရဲ့ ဘာသာရေးထွန်းကားပုံတွေကို မြင်တွေ့ရမှာပါ။၁၅၅၅ မှာဆောက်လုပ်ခဲ့ပြီးတော့ အဆောက်အအုံပုံစံဟာ မီးတောက်တွေ အညွန့်တလူလူနဲ့ အပေါ်ကိုတောက်လောင်နေတဲ့ ပုံဆောက်လုပ်ထားတာဖြစ်ပါတယ်။

နံပါတ် ၈
မာချူပီချူ

ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၂၄၃၀ မှာတည်ရှိပြီးတော့ တောင်ခါးပန်းတစ်ခုမှာ ဆောက်လုပ်ထားပါတယ်။အင်ကာလူမျိုးတွေရဲ့ ပျောက်ဆုံးနေတဲ့ မြို့တော်တစ်ခုဖြစ်ပြီး ၁၄၃၂-၁၄၇၂ မှာဆောက်လုပ်ခဲ့ပါတယ်။ပီရူးနိုင်ငံမှာ တည်ရှိပြီးတော့ အိမ်တွေကို ကျောက်တုံးတွေတစ်တုံးခြင်း စီထပ်ထားတာဖြစ်ပြီးတော့ ဘာနဲ့မ မဆက်ထားပဲ စီရုံလေး စီထားတာဖြစ်ပါတယ်။

နံပါတ် ၇
ဘာလီ

အင်ဒိုနီးရှားမှာ တည်ရှိပြီးတော့ အရင် ကမီးတောင်ကျွန်းတစ်ခုသာဖြစ်ပါတယ်။နောက်ပိုင်းမှ အခြေချသူတွေ ရောက်လာကြပြီး အပင်တွေနဲ့ ပင်လယ်ကမ်းစပ်နေရာတွေကို ပြုပြင်ရင်းကနေ တဖြည်းဖြည်း လှပလာတာဖြစ်ပါတယ်။အခုထက်တိုင် မီးတောင်ရှင်တွေ ရာနဲ့ချီ ရှိနေပါသေးတယ်။

နံပါတ် ၆
လက်စ် ဗေးဂတ်စ် က အမှတ်တရမြို့တော်

အမေရိကန်ပြည်ထောင်စု နာဗားဒါးရဲ့ မြို့တော် လက်စ်ဗေး၈တ်စ်မှာ တည်ရှိတဲ့ ကမ္ဘာ့အထိမ်းအမှတ်မြို့တော်ဟာလဲ လူလုပ်တွေထဲက နာမည်ကြီးတဲ့ နေရာတစ်ခုပါ။ပိရမစ်တွေ၊ရောမက ကိုလိုဆီယံတွေ၊အီဖယ်မျှော်စင်တွေ၊လေဘာတီရုပ်ထုတွေနဲ့ အခြားအမှတ်တရနေရာတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။

နံပါတ် ၅
ဒူဘိုင်းရဲ့ အမြင့်ဆုံးတာဝါ

လက်ရှိကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံလဲဖြစ်ပြီးတော့ လူတွေ ဆောက်လုပ်ခဲ့သမျှထဲမှာ အမြင့်ဆုံးတာဝါဖြစ်ပါတယ်။၈၂၈ မီတာမြင့်ပြီးတော့ ဒေါ်လာသန်းတစ်ထောင့်ငါးရာလောက် ကုန်ကျပြီးတော့ ဆောက်လုပ်မှုစရိတ်အများဆုံးလဲ ဖြစ်ပါတယ်။

နံပါတ် ၎
အိန္ဒိယက တာ့ဂ်ျမဟာ

တာ့ဂ်ျမဟာအကြောင်းကို သိပ်ပြီးအကျယ်တ၀င့်ပြောဖို့ မလိုတော့ပါဘူး။အစ္စလန်၊ဟိန္ဒူ၊ပါကစ္စတန် လက်ရာတွေနဲ့တည်ဆောက်ထားတဲ့ ဒီနေရာဟာ အချစ်အတွက် သက်သေခံရာလို့ အမည်ရပြီးတော့ အံသြဖွယ်ကောင်းလောက်အောင် ထုထည်ကြီးမားပါတယ်။

နံပါတ် ၃
သရီး ကော်ဂျီ ရေကာတာ

ကမ္ဘာ့အကြီးမားဆုံး ရေအားလျှပ်စစ်ရေကာကြီးဖြစ်ပြီးတော့ ထွက်ရှိတဲ့ လျှပ်စစ်ဓါတ်အားဟာ နူကလီးယားဓါတ်ပေါင်းဖို ၁၅ လုံးက ရတဲ့ လျှပ်စစ်နဲ့ပမာဏတူညီပါတယ်။တည်ဆောက်မှုထုထည်အကြီးမားဆုံးဖြစ်ပြီးတော့ အာကာသကကြည့်ရင်တောင် ထင်ရှားစွာမြင်နိုင်ပါတယ်။

နံပါတ် ၂
မဟာတံတိုင်းကြီး

ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀ လောက်ကတည်ဆောက်ခဲ့တဲ့ မဟာတံတိုင်းဟာ အခုထက်ထိ ရပ်တည်နေတယ်ဆိုတာ အံ့သြဖို့ကောင်းပါတယ်။တရုတ်ပြည်ရဲ့ ပြည်သူတစ်ဝက်လောက်ရဲ့ လုပ်အားတွေနဲ့တည်ဆောက်ခဲ့ပြီးတော့ လူသန်း ၆၀ ကျော်(မြန်မာနိုင်ငံနီးပါး)အလုပ်လုပ်ရင်းသေဆုံးခဲ့ရပါတယ်။အခုထိတိုင် အဓိက တံတိုင်းကြီးက မိုင် ၂၀၀၀ ကျော်ရှည်လျားနေပြီး အရံတံတိုင်းတွေကတော့ မိုင် ၈၀၀ ကျော်ကျန်ပါတော့တယ်။

နံပါတ် ၁
ဂီဇာက ပိရမစ်များ

ပိရမစ်တောင်ကြားလို့ နာမည်ရတဲ့ ဂီဇာအရပ်မှာ ပိရမစ်ပေါင်း ၁၃၈ ခုရှိနေပါသေးတယ်။ကျွန်တွေရဲ့ လုပ်အားနဲ့တည်ဆောက်ခဲ့ပြီး ကျောက်တုံးကြီးတွေကို ဆင့်ပြီး ဆောက်လုပ်ခဲ့ကြပါတယ်။အထဲမှာ လှိုဏ်ပတ်လမ်းတွေရှိပြီးတော့ ရတနာတွေကြောင့် ကျော်ကြားပါတယ်။၁၇ ရာစုမှာ ရတနာမုဆိုးတွေက ရတနာတွေဖောက်ယူခဲ့ကြပြီးတော့ ၁၉ ရာစုမှာ ပိရမစ်ထဲက မံမီတွေကို ခိုးယူကာ ရောင်းချလေ့ရှိပါတယ်။

ကျေးဇူးတင်ပါသည်။

မောင်စိုင်း

No comments:

Post a Comment