ပြုပြင်ထားတဲ့ အသားပြားတွေ အမဲသားပြားတွေ၊၀က်အူချောင်းတွေ၊ငါး၊ပုဇွန်တွေ နဲ့ အခြား အသားအတုတွေဟာ ကြာကြာအထားခံအောင်လို့ ဓါတုဆေးတွေနဲ့ ကြည့်လိုက်ရင်လတ်ဆတ်နေတယ်လို့ထင်ရအောင် ဆိုးဆေးတစ်ချို့နဲ့ ဟိုက်ဒရိုဂျင်ဖြည့်ထားတာမျိုးတွေပါဝင်ပါတယ်။ဆိုဒီယမ်နိုက်ထရိုတ်နဲ့နိုက်ထရပ်တွေကြောင့် အူမကြီးနဲ့အူနဲ့သက်ဆိုင်တဲ့အပိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်ပြီးတော့ အသားအတွက် မွေးမြူတဲ့ နွားတွေနဲ့ဝက်တွေဟာ ပိုမိုကြီးထွားအောင် ရိုးရိုးမြက်မစားပဲ ဓါတုအစာတွေစားသောက်ကြပါတယ်။အဲဒီလိုစားသောက်တဲ့အတွက် ဓါတုဓါတ်ကြွင်းတွေ အသားထဲမှာနဂိုကတည်းက ကျန်နေတာဖြစ်ပါတယ်။
မိုက်ကရိုဝေ့ဗ်နဲ့ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်
ဆိုဒါပါဝင်တဲ့ အအေး၊အချိုရည်ဗူးများ
အချိုရည်တွေက ကင်ဆာနဲ့အထူးဆက်နွယ်နေတယ်ဆိုတာ တော်တော်များများသိကြပါလိမ့်မယ်။အဓိကအားဖြင့်တော့ သကြားအပြင်းစားတွေ(သကြားလို့ဆိုပေမယ့် သကြားအစားထိုးပစ္စည်းတွေ ဥပမာ-Aspertame တို့လိုပစ္စည်းတွေ)နဲ့ အရောင်အတု၊ဆိုးဆေးတွေကြောင့် တစ်နည်းနည်းနဲ့တော့ ထိမှာဖြစ်ပါတယ်။ပြီးတော့ ဒီအချိုရည်တွေမှာ ပါဝင်နေတဲ့ အက်ဆစ်တချို့က ကင်ဆာဆဲလ်တွေကို ပြန့်ပွားဖို့အားပေးပြီးပါတယ်။ကုမ္မဏီတွေကတော့ ဒီပစ္စည်းတွေဟာ အန္တာရာယ်ကင်းတယ်ဆိုပေမယ့် သူတို့က တစ်ဗူးနှုန်းနဲ့တွက်ချက်ထားတာဖြစ်တဲ့အတွက် များများမသောက်သုံးမိဖို့ အရေးကြီးပါတယ်။
Genetically Modified Organisms(GMO)ပြုလုပ်ထားသောအစားအစာများ
အခုခေတ်အစားအစာတွေတော်တော်များများမှာ အသုံးပြုနေတဲ့ဒီနည်းပညာဟာ ထူးဆန်းတဲ့သီးနှံတွေ၊အလွန်ကြီးမားတဲ့ သီးနှံတွေ ရာသီမရွေးစားသုံးနိုင်အောင်ပြုလုပ်ခဲ့ကြပါတယ်။အသားငါးတွေကိုလဲ ဒီနည်းပညာသုံးပြီး အသုံးပြုကြပါတယ်။တကယ်တော့ မျိုးရိုးဗီဇပြောင်းလဲအောင် ပြုပြင်ထားတာတွေဖြစ်ပြီးတော့ ဓါတုဓါတ်ကြွင်းတွေက ကင်ဆာကျိတ်တွေကို ကြီးထွားစေတယ်လို့ သြစတေးလျသုတေသီတွေက ဆိုပါတယ်။စားသုံးရန်မသင့်လို့ မပြောပေမယ့် အနဲဆုံးမျိုးစပ်ပြီး မျိုးဆက်သုံးဆက်ကြာမှ စားသောက်သင့်ပါတယ်။
ပြန်လည်သန့်စင်ထားတဲ့ ဂျုံမှုန့်နဲ့သကြားများ
ပြန်လည်သန့်စင်ထားတဲ့ သကြားတွေ၊ဖြူဆွတ်နေအောင်ပြုလုပ်ထားတဲ့ ဂျုံမှုန့်တွေဟာ အထူးသဖြင့်ကတော့ ကာဗိုဟိုက်ဒရိုတ်အရမ်းများပြီးတော့ အမျိုးသမီးတွေအတွက် ရင်သားကင်ဆာလိုရောဂါတွေဖြစ်စေတယ်လို့ ယူကေကင်ဆာဖောင်ဒေးရှင်းရဲ့ လေ့လာသူတွေက ပြောပါတယ်။သကြားပါဝင်မှုများတဲ့ အစားအစာတွေနဲ့ ပြုပြင်ထားတဲ့အစားအစာတွေဟာ သွေးတွင်းရှိသကြားပမာဏကို တက်စေပြီးတော့ သွေးချို၊ဆီးချိုလို ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ဒါကြောင့် ဆီးချိုရှိသူတွေ ဂျုံကြမ်းဆန်ကြမ်းကို စားသောက်နေရတာဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင်ဖြည့်သွင်းသန့်စင်ထားသောဆီများ
ဆီကို သန့်စင်ပြီး ပိုးမွှားကင်းစင်အောင်လို့ ဟိုက်ဒရိုဂျင်ဖြည့်သွင်းပြီး ပြုလုပ်ကြပါတယ်။ဒီဆီတွေကို အထူးပြုလုပ်ထားတဲ့ အစားအစာတွေ အဆင်သင့်အစားအစာတွေမှာ ထည့်ကြပြီးတော့ ဒီဆီတွေက ခန္ဓာကိုယ်ဆဲလ်တွေရဲ့ ဖွဲ့စည်းပုံနဲ့လိုက်လျောညီထွေဆောင်ရွက်မှုတွေ၊ရုန်းပြန်အားတွေကို လျော့ကျစေပါတယ်။ပြီးတော့ ကင်ဆာဖြစ်စေဖို့ ဦးတည်နေပါတယ်။ဒါကြောင့် တစ်ချို့စားသောက်ကုန်တွေက ဘေးအန္တာရာယ်ကင်းအောင် စားအုန်းဆီနဲ့ အခြားဆီတွေကို အသုံးပြုကြပြီး
ဒီဆီနဲ့မထုတ်လုပ်တော့တာဖြစ်ပါတယ်။
ပိုးသတ်ဆေးနဲ့အခြားအထွက်တိုးဆေးတွေ အသုံးပြုထားတဲ့ အသီးတွေ
အသီးအနှံတွေ စားသုံးရင် ကိုယ်ခန္ဓာရောဂါကင်းစေတယ်ဆိုပြီး စားသောက်ကြပေမယ့် အသီးအနှံတွေဟာ ပိုးသတ်ဆေးတစ်ကြီမ်သုံးထားတာနဲ့ ပိုးသတ်ဆေးတွေကို စုပ်ယူထားတတ်ကြပါတယ်။အဲဒီအတွက် အဆိပ်အတောက်တွေ ဖြစ်စေပါတယ်။သြစတေးလျမှာ လေ့လာချက်အရ ပန်းသီးစားပြီး ပိုးသတ်ဆေးရဲ့ အဆိပ်သင့်မှုတွေကို ခံစားရသူတွေဟာ နှစ်စဉ် လူ ၄၀၀၀၀ ကျော်ရှိပါတယ်တဲ့
ကျေးဇူးတင်ပါသည်။
No comments:
Post a Comment