နံပါတ် ၇
မီယာမီ(ဖလော်ရီဒါ)
မီယာမီကိုဘာလို့ရွေးချယ်ထားရတာလဲဆိုတော့ မီယာမီဟာ အမေရိကန်ကို ဘိန်းနဲ့အခြားမူးယစ်ဆေးတွေ မက္ကဆီကိုကနေ ၀င်ရောက်တဲ့ အဓိက ၀င်ပေါက်ဖြစ်ပါတယ်။အမြဲတစေ သေနတ်ပစ်ခတ်မှုတွေ လူမိုက်ဂိုဏ်းတွေရဲ့ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ပစ်ခတ်မှုတွေကြောင့် လူတွေအများအပြားသေဆုံးရသလို ဟာရီကိန်းမုန်တိုင်းရဲ့ ဒဏ်ကိုလဲ မကြာခဏ ခံစားနေရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
နံပါတ် ၆
မီဒီလင်(ကိုလံဘီယာ)
မီဒီလင်မြို့ဟာ မီယာမီကို ပို့မည့် မူးယစ်ဆေးတွေရဲ့ ထွက်တဲ့နေရာဖြစ်ပါတယ်။နာမည်ကြီးမြေအောက်ဂိုဏ်းခေါင်းဆောင် Pablo Escobar ကျင်လည်ကျက်စားခဲ့တဲ့နေရာဖြစ်ပါတယ်။၁၉၉၃ ခုနှစ်မှာ သူအသတ်ခံရပြီးနောက်ပိုင်းတော့ ဒီမြို့လေးဟာ အဲဒီလောက် အန္တာရာယ်မရှိတော့ပေမယ့် အခုနောက်ပိုင်း လူကုန်ကူးမှုတွေနဲ့ ကိုယ်တွင်းကလီစာ ထုတ်ရောင်းချမှုတွေမှာ ပြန်လည်နာမည်ကြီးလာတဲ့ မြို့ကလေးပါ။
နံပါတ် ၅
နယူးအော်လင်း(လူဝီဆီယားနား)
နံပါတ် ၅
နယူးအော်လင်း(လူဝီဆီယားနား)
နယူးအော်လင်းမြို့ဟာ သာယာလှပပြီးနေချင်စဖွယ်ရှိသလောက် အရမ်းနာမည်ကြီးတဲ့ ဂိုဏ်းစတားလူမိုက်တွေရဲ့ မွေးထုတ်ရာနေရာတစ်ခုဖြစ်ပါတယ်။နာမည်ကြီး လူမိုက်တော်တော်များများဟာ ဒီနယူးအော်လင်းကနေ ဖြစ်လာကြတာပါ။ညအချိန်တွေဆို ဂိုဏ်းအချင်းချင်းရန်စမှုတွေနဲ့ တိုက်ခိုက်ပွဲတွေကြောင့် မအေးချမ်းတဲ့ မြို့ကလေးပါ။
နံပါတ် ၎
စိန့် ပဒရို ဆူလာ(ဟွန်ဒူးရက်စ်)
လူသေမှုအများဆုံးမြို့လို့တောင်ပြောရမလိုဖြစ်နေတဲ့ မြို့ကလေးပါ။မူးယစ်ဂိုဏ်းတွေနဲ့ မှောင်ခိုဂိုဏ်းတွေ တစ်မြို့လုံးကို သိမ်းပိုက်ထားပြီးတော့ စစ်ဖြစ်နေတဲ့နိုင်ငံတွေလို အကြမ်းဖက်မှုတွေဖြစ်နေတဲ့ မြို့ကလေးပါ။ဟွန်ဒူးရက်စ် အစိုးရကတော့ မိုးကြိုး လို့အမည်ရတဲ့ စစ်ဆင်ရေးတွေချပြီး တည်ငြိမ်အောင် ထိန်းဖို့ကြိုးစားပေမယ့် အထမမြောက်ခဲ့ပါဘူး။
နံပါတ် ၃
မိုဆယ်လ် (အီရတ်)
မိုဆယ်လ် အီရတ်လို့ပြောလိုက်တာနဲ့ အသေခံဗုံးဖောက်ခွဲမှုတွေ အကြမ်းဖက်မှုတွေကို ပြေးမြင်မိာကမှာဖြစ်ပါတယ်။အမေရိကန်က အီရတ်ကို ၀င်ရောက်တိုက်ခိုက်တဲ့ အချိန်မှာ မြို့နေပြည်သူတွေတော်တော်များများဟာ အကြမ်းဖက်သမားတွေနဲ့ စစ်သားတွေရဲ့ အပြန်အလှန်ပစ်ခတ်မှုကြားမှာ မြေစာပင် ဖြစ်ခဲ့ရတဲ့အဖြစ်တွေ ဒီမြို့မှာ အများကြီးကြုံတွေ့ခဲ့ရပါတယ်။အများအားဖြင့် ဈေးဆိုင်တွေနဲ့ ဗလီတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တစ်ခါဖြစ်ရင် လူပေါင်း ၁၀၀၀ လောက်သေကျေထိခိုက်ဒဏ်ရာရတတ်ပါတယ်။
နံပါတ် ၂
ဂျူအားရက်စ် (မက္ကဆီကို)
မက္ကဆီကိုလို့ပြောလိုက်တာနဲ့ အားလုံးလဲ မူးယစ်ဆေးတွေ လူဆိုးတွေနဲ့ သေနတ်သမားတွေကို မြင်မိမှာပါ။ဟုတ်ပါတယ် ဒီမြို့ကလေးကတော့ အမေရိကန်နိုင်ငံနဲ့ မက္ကဆီကို နယ်စပ် Rio Grande မြစ်ကမ်းမှာတည်ရှိပြီးတော့ အခွင့်အရေးရရင် ရသလို မူးယစ်ဆေးတွေ၊လူမှောင်ခိုတွေ ကုန်ကူးကြပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ မြို့ပါ။
နံပါတ် ၁
ဒက်ထရွိုက် (မီချီဂန်)
ဒက်ထရွိုက်ဆိုတာကတော့ ရိုဘိုကော့ ဇတ်လမ်းတွေ ထဲမှာပါဝင်သလို အပြင်မှာလဲ အမှုအခင်းအများအပြားဖြစ်နေတဲ့ မြို့ပါ။အလုပ်လက်မဲ့တွေနဲ့ ဆင်းရဲတဲ့လူတွေ အများစုက ချမ်းသာတဲ့လူတွေကို တိုက်ခိုက်လုယက်လေ့ရှိကြပါတယ်။၂၀၁၂ ခုနှစ်မှာတော့ နယူးယော့ခ် အခြေစိုက် Forbes မဂ္ဂဇင်းက ဒီမြို့ကို နေထိုင်ဖို့ အန္တာရာယ်အများဆုံး မြို့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ကျေးဇူးတင်ပါတယ်
မောင်စိုင်း
အချက်အလက်တွေကိုတော့ http://realitypod.com/2013/10/the-7-most-dangerous-cities-for-those-who-want-to-live-on-the-edge/2/ မှရယူထားတာဖြစ်ပါတယ်။
No comments:
Post a Comment