Solo PerDue လို့အမည်ရတဲ့ အီတလီနိုင်ငံက စားသောက်ဆိုင်ဟာ ကမ္ဘာ့အသေးဆုံးစားသောက်ဆိုင်ဖြစ်ပြီးတော့ လူနှစ်ယောက်ပဲစားသောက်လို့ရပါတယ်။၁၉ ရာစုအစောပိုင်းထဲက ဖွင့်လှစ်ခဲ့ပြီးတော့ တစ်ရက်ကို ဧည့်သည်စုံတွဲ ၂ ယောက် သာလက်ခံပါတယ်။
နွေးထွေးတဲ့ မီးလင်းဖိုလေးရယ်၊ရိုမန်းတစ် ဆန်တဲ့ အပြင်အဆင်တွေရယ်က သင့်ကို ခမ်းနားတဲ့ ကမ္ဘာလေးထဲကို ခေါ်ဆောင်သွားမှာဖြစ်ပြီးတော့ အရသာရှိတဲ့ အစားအစာတွေကို စားသောက်နိုင်မှာဖြစ်ပါတယ်။
ပြီးရင်တော့ ဒီစားသောက်ဆိုင်လေးရဲ့ အမှတ်တရစာအုပ်မှာ လက်မှတ်ထိုးနိုင်ပြီးတော့ မှတ်သားထားနိုင်ပါတယ်။ဒီစားသောက်ဆိုင်မှာ တစ်သက်မှာ တစ်ခါဘဲ စားသောက်နိုင်ပြီးတော့ စားသောက်မယ်ဆိုရင် ဆယ်စုနှစ်တစ်ခုကြာအောင် ဘိုကင်ပေးထားရမှာဖြစ်ပါတယ်။
ဈေးနှုန်းကလဲ အလွန်ဈေးကြီးတယ်လို့ပြောလို့ရပေမယ့် ကမ္ဘာတစ်ဝှမ်းကလူတွေက ဒီစားသောက်ဆိုင်မှာ အနှစ် ၃၀ စာလောက်ဘိုကင် ယူထားပြီးသွားပြီ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါသည်
မောင်စိုင်း
Blog Archive
-
▼
2013
(14)
-
▼
October
(9)
- ကမ္ဘာ့အသေးဆုံး စားသောက်ဆိုင်
- လူတွေဖန်တီးခဲ့တဲ့ အံသြစရာများ
- ဖေ့ဘုတ်ပေါ်မှ နာမည်အကြီးဆုံးပုံများ
- လုံးဝရှိမှာ မဟုတ်ဘူးလို့ ထင်နေတဲ့ အကောင်တွေ
- ထူးဆန်းသလို တကယ်လဲ အသုံးဝင်တဲ့ တီထွင်မှုများ
- Halloween ဟယ်လိုဝိန်း
- Disney ကနေ ဖွင့်လှစ်တော့မယ့် AVATAR LAND
- ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားက သောက်စရာများ
- ကမ္ဘာတစ်ဝှမ်းက အန္တာရာယ်အများဆုံး မြို့ ၇ မြို့
-
▼
October
(9)
Thursday, October 31, 2013
လူတွေဖန်တီးခဲ့တဲ့ အံသြစရာများ
နံပါတ် ၁၀
တရုပ်ပြည်က Forbidden City
၁၄၀၆-၁၄၂၀ မှာဆောက်လုပ်ခဲ့တဲ့ ဒီနန်းတော်ဟာ မြေဧရိယာ ၇၂၀၀၀၀ စတုရန်းမီတာရှိပါတယ်။တရုပ်ဘုရင်တွေ ရာစုနှစ်တစ်ခုကြာလောက် အုပ်စိုးခဲ့တာဖြစ်ပြီးတော့ ကြီးမားပြီး လှပတဲ့ ဗိသုကာလက်ရာတွေ တွေ့မြင်နိုင်ပါတယ်။
နံပါတ် ၉
စိန့် ဘေစယ်ရဲ့ ဘုရားကျောင်း
မော်စကိုမှာတည်ရှိပြီးတော့ ၁၆ ရာစုရဲ့ ဘာသာရေးထွန်းကားပုံတွေကို မြင်တွေ့ရမှာပါ။၁၅၅၅ မှာဆောက်လုပ်ခဲ့ပြီးတော့ အဆောက်အအုံပုံစံဟာ မီးတောက်တွေ အညွန့်တလူလူနဲ့ အပေါ်ကိုတောက်လောင်နေတဲ့ ပုံဆောက်လုပ်ထားတာဖြစ်ပါတယ်။
နံပါတ် ၈
မာချူပီချူ
ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၂၄၃၀ မှာတည်ရှိပြီးတော့ တောင်ခါးပန်းတစ်ခုမှာ ဆောက်လုပ်ထားပါတယ်။အင်ကာလူမျိုးတွေရဲ့ ပျောက်ဆုံးနေတဲ့ မြို့တော်တစ်ခုဖြစ်ပြီး ၁၄၃၂-၁၄၇၂ မှာဆောက်လုပ်ခဲ့ပါတယ်။ပီရူးနိုင်ငံမှာ တည်ရှိပြီးတော့ အိမ်တွေကို ကျောက်တုံးတွေတစ်တုံးခြင်း စီထပ်ထားတာဖြစ်ပြီးတော့ ဘာနဲ့မ မဆက်ထားပဲ စီရုံလေး စီထားတာဖြစ်ပါတယ်။
နံပါတ် ၇
ဘာလီ
အင်ဒိုနီးရှားမှာ တည်ရှိပြီးတော့ အရင် ကမီးတောင်ကျွန်းတစ်ခုသာဖြစ်ပါတယ်။နောက်ပိုင်းမှ အခြေချသူတွေ ရောက်လာကြပြီး အပင်တွေနဲ့ ပင်လယ်ကမ်းစပ်နေရာတွေကို ပြုပြင်ရင်းကနေ တဖြည်းဖြည်း လှပလာတာဖြစ်ပါတယ်။အခုထက်တိုင် မီးတောင်ရှင်တွေ ရာနဲ့ချီ ရှိနေပါသေးတယ်။
နံပါတ် ၆
လက်စ် ဗေးဂတ်စ် က အမှတ်တရမြို့တော်
အမေရိကန်ပြည်ထောင်စု နာဗားဒါးရဲ့ မြို့တော် လက်စ်ဗေး၈တ်စ်မှာ တည်ရှိတဲ့ ကမ္ဘာ့အထိမ်းအမှတ်မြို့တော်ဟာလဲ လူလုပ်တွေထဲက နာမည်ကြီးတဲ့ နေရာတစ်ခုပါ။ပိရမစ်တွေ၊ရောမက ကိုလိုဆီယံတွေ၊အီဖယ်မျှော်စင်တွေ၊လေဘာတီရုပ်ထုတွေနဲ့ အခြားအမှတ်တရနေရာတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။
နံပါတ် ၅
ဒူဘိုင်းရဲ့ အမြင့်ဆုံးတာဝါ
လက်ရှိကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံလဲဖြစ်ပြီးတော့ လူတွေ ဆောက်လုပ်ခဲ့သမျှထဲမှာ အမြင့်ဆုံးတာဝါဖြစ်ပါတယ်။၈၂၈ မီတာမြင့်ပြီးတော့ ဒေါ်လာသန်းတစ်ထောင့်ငါးရာလောက် ကုန်ကျပြီးတော့ ဆောက်လုပ်မှုစရိတ်အများဆုံးလဲ ဖြစ်ပါတယ်။
နံပါတ် ၎
အိန္ဒိယက တာ့ဂ်ျမဟာ
တာ့ဂ်ျမဟာအကြောင်းကို သိပ်ပြီးအကျယ်တ၀င့်ပြောဖို့ မလိုတော့ပါဘူး။အစ္စလန်၊ဟိန္ဒူ၊ပါကစ္စတန် လက်ရာတွေနဲ့တည်ဆောက်ထားတဲ့ ဒီနေရာဟာ အချစ်အတွက် သက်သေခံရာလို့ အမည်ရပြီးတော့ အံသြဖွယ်ကောင်းလောက်အောင် ထုထည်ကြီးမားပါတယ်။
နံပါတ် ၃
သရီး ကော်ဂျီ ရေကာတာ
ကမ္ဘာ့အကြီးမားဆုံး ရေအားလျှပ်စစ်ရေကာကြီးဖြစ်ပြီးတော့ ထွက်ရှိတဲ့ လျှပ်စစ်ဓါတ်အားဟာ နူကလီးယားဓါတ်ပေါင်းဖို ၁၅ လုံးက ရတဲ့ လျှပ်စစ်နဲ့ပမာဏတူညီပါတယ်။တည်ဆောက်မှုထုထည်အကြီးမားဆုံးဖြစ်ပြီးတော့ အာကာသကကြည့်ရင်တောင် ထင်ရှားစွာမြင်နိုင်ပါတယ်။
နံပါတ် ၂
မဟာတံတိုင်းကြီး
ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀ လောက်ကတည်ဆောက်ခဲ့တဲ့ မဟာတံတိုင်းဟာ အခုထက်ထိ ရပ်တည်နေတယ်ဆိုတာ အံ့သြဖို့ကောင်းပါတယ်။တရုတ်ပြည်ရဲ့ ပြည်သူတစ်ဝက်လောက်ရဲ့ လုပ်အားတွေနဲ့တည်ဆောက်ခဲ့ပြီးတော့ လူသန်း ၆၀ ကျော်(မြန်မာနိုင်ငံနီးပါး)အလုပ်လုပ်ရင်းသေဆုံးခဲ့ရပါတယ်။အခုထိတိုင် အဓိက တံတိုင်းကြီးက မိုင် ၂၀၀၀ ကျော်ရှည်လျားနေပြီး အရံတံတိုင်းတွေကတော့ မိုင် ၈၀၀ ကျော်ကျန်ပါတော့တယ်။
နံပါတ် ၁
ဂီဇာက ပိရမစ်များ
ပိရမစ်တောင်ကြားလို့ နာမည်ရတဲ့ ဂီဇာအရပ်မှာ ပိရမစ်ပေါင်း ၁၃၈ ခုရှိနေပါသေးတယ်။ကျွန်တွေရဲ့ လုပ်အားနဲ့တည်ဆောက်ခဲ့ပြီး ကျောက်တုံးကြီးတွေကို ဆင့်ပြီး ဆောက်လုပ်ခဲ့ကြပါတယ်။အထဲမှာ လှိုဏ်ပတ်လမ်းတွေရှိပြီးတော့ ရတနာတွေကြောင့် ကျော်ကြားပါတယ်။၁၇ ရာစုမှာ ရတနာမုဆိုးတွေက ရတနာတွေဖောက်ယူခဲ့ကြပြီးတော့ ၁၉ ရာစုမှာ ပိရမစ်ထဲက မံမီတွေကို ခိုးယူကာ ရောင်းချလေ့ရှိပါတယ်။
ကျေးဇူးတင်ပါသည်။
မောင်စိုင်း

ဖေ့ဘုတ်ပေါ်မှ နာမည်အကြီးဆုံးပုံများ
Adalia Rose
သူ့သမီးလေးဟာ ရောဂါတစ်မျိုးကြောင့် ဆံပင်မပေါက်နိုင်လို့ သူ့အမေပါ ကတုံးလိုက်တုံးလိုက်တဲ့ ပုံလေးပါ။
Like ပေါင်း ၂၂၆၃၄၇၃ ရှိပြီး Comment ကတော့ ၅၄၇၂၁ ရရှိပြီး Share ၃၁၁၀၈
ဆေးလိပ်သကြားလုံး
Echoes from The Past လို့အမည်ရတဲ့ Page တစ်ခုကနေတင်တဲ့ ပုံလေးပါ။ငယ်ငယ်တုန်းကအမှတ်တရလေးတွေကို တင်တဲ့ Page ဖြစ်ပြီး ဒီစီးကရက်သကြားလုံးလေးကတော့
Like ပေါင်း ၁၂၉၀၅၃၄ ရရှိပြီတော့ Comment ပေါင်း ၁၁၉၈၂၃ ရှိကာ Share ကတော့ ၈၅၅၃၅ ရှိပါတယ်။
၁၁၆ပြည့်မွေးနေ့
NBC Charlotte တင်တဲ့ ဂျော်ဂျီယာက ၁၁၆ နှစ်ပြည့်မွေးနေ့ပွဲဟာလဲ နာမည်ကြီးခဲ့ပြီးတော့
Like ပေါင်း ၁၃၀၂၈၉၄ ရရှိကာ Comment ပေါင်း ၃၅၃၄၇ ရရှိပြီး Share ပေါင်း ၄၇၆၈၁ ရရှိခဲ့ပါတယ်။
ဘယ်သူမှတ်မိကြလဲ
90s Babies Only ကနေတင်တဲ့ ဘယ်သူမှတ်မိကြလဲ ဆိုတဲ့ ပုံလေးဟာ အရင် ၉၀ပြည့်နှစ်တွေက ကလေးတွေရဲ့ အသုံးအဆောင်တွေနဲ့ ကစားစရာတွေတင်တဲ့ ပေ့ခ်ျလေးပါ။
Like ပေါင်း ၁၆၀၃၈၂၅ ရရှိခဲ့ပြီး Comment ပေါင်း ၆၃၉၅၈ ရရှိခဲ့ကာ Share ပေါင်း ၄၀၃၀၇ ရှိပါတယ်။
ကီမို မလိုတော့ဘူး
Ann Gabhart ဆိုတဲ့အမျိုးသမီးရဲ့ တူမဖြစ်သူဟာ ကင်ဆာပျောက်ပြီးတဲ့နောက်မှာ ကီမိုမလိုတော့ဘူးလို့ ကားမှာ စာရေးပြီးတင်ထားတဲ့ပုံကလဲ နာမည်ကြီးခဲ့ပြီး
Like ပေါင်း ၁၆၇၇၉၇၈ ရရှိခဲ့ကာ Comment ပေါင်း ၅၆၃၁၂ ရရှိခဲ့ပါတယ်။
ရှေးဟောင်းရုပ်ရှင်
Oldie Towne Antiques & Upholstery ဆိုတဲ့ Page ကနေတင်လိုက်တဲ့ ဒီရှေးဟောင်းရုပ်ရှင်ကားပုံလေးဟာလဲ နာမည်ကြီးပြီး
Like ပေါင်း ၁၈၁၃၂၉၀ ပေါင်းရရှိကာ Comment ပေါင်း ၈၉၇၉၈ ရရှိပြီး Share ပေါင်း ၉၅၆၈၁ ရရှိခဲ့ပါတယ်။
တာဝန်ထမ်းဆောင်ရန်
Matt Rpgers ဆိုတဲ့ စာမျက်နှာကနေတင်လိုက်တဲ့ မွေးဖွားပြီးစ ကလေးကို ထားခဲ့ပြီး စစ်မှုထမ်းသွားရတဲ့ ဖခင်တစ်ယောက်ရဲ့ ငိုကြွေးနေတဲ့ပုံလေးက
Like ပေါင်း ၁၆၁၀၁၂၅ ရရှိကာ Comment ပေါင်း ၄၉၁၁၄ ရရှိပြီး Share ပေါင်း ၁၂၈၃၆၅ ရရှိခဲ့ပါတယ်။
ဒီလိုနေရာလေးမှာ နေချင်ကြလား
Stronglite ကနေ ဒီလိုနေရာလေးမှာ နေချင်ကြလားဆိုတဲ့ ပို့စ်လေးကတော့
Like ပေါင်း ၁၈၈၄၄၈၄ ရရှိပြီး Comment ပေါင်း ၂၃၃၁၃၀၃ ရရှိပြီး Share ပေါင်း ၆၇၉၉၄ ရရှိခဲ့ပါတယ်
သစ္စာရှိမှု
Paw Justice တင်ထားတဲ့ သစ္စာရှိတဲ့ ခွေးလေးဖြစ်ပါတယ်။သူ့သခင်ရဲ့ အုတ်ဂူကို သွားသွားပြီးစောင့်ပေးတဲ့ ခွေးလေးပါ
Like ပေါင်း ၁၄၈၀၃၀၁ ရရှိပြီး Comment ပေါင်း ၇၇၇၄၇ ရရှိကာ Share ပေါင်း ၁၀၃၉၀၆ ရရှိခဲ့ပါတယ်။
စာအုပ်အဖုံး
Nu92 ကနေတင်တဲ့ ဒီလိုမျိုးစာအုပ်ဖုံးဖူးကြလား ဆိုတဲ့ ပို့စ်လေးကလဲ
Like ပေါင်း ၁၂၂၇၁၃၁ ရရှိပြီး Comment ပေါင်း ၉၈၅၃၄ ရရှိကာ Share ပေါင်း ၃၅၆၆၀ ရရှိခဲ့ပါတယ်။
အိုဘားမား မိသားစု
အမေရိကန်သမ္မတ ဘားရက် အိုဘားမားတင်တဲ့ မိသားစု ဓါတ်ပုံလေးကလဲ
Like ပေါင်း ၁၈၂၁၅၄၇ ရရှိပြီး Comment ပေါင်း ၇၅၅၅၉ ရရှိကာ Share ပေါင်း ၇၁၅၈၄ ရှိပါတယ်။
အားပေးမှုကို ကျေးဇူးတင်ပါသည်။
မောင်စိုင်း
လုံးဝရှိမှာ မဟုတ်ဘူးလို့ ထင်နေတဲ့ အကောင်တွေ
နှုတ်ခမ်းနီနဲ့ငါး
ဂါလာပေးဂိုးစ် ကျွန်းတွေမှာ တွေ့ရပြီးတော့ တကယ်တမ်းကတော့ ရေကူးတာညံ့တဲ့ငါးဖြစ်ပါတယ်။သူ့ရဲ့မာကျောတဲ့ ရေယက်တောင်တွေနဲ့ သမုဒ္ဒရာတွေရဲ့ ကြမ်းပြင်မှာ သွားလာနိုင်တာဖြစ်ပါတယ်။
ဘီလူးငါးမန်း
အ၀တ်စနဲ့လုပ်ထားတဲ့အရုပ်ကြီးလို့ ထင်ရပေမယ့် တကယ်ရှိပါတယ်။ပင်လယ်ရေမျက်နှာပြင်မီတာ ၁၀၀ အောက်မှာကျက်စားကြပြီးတော့ အကောင်ကြီးတွေက ရေနက်ပိုင်းမှာ ပိုမိုနေထိုင်တတ်ကြပါတယ်။
ပန်ဒါပုရွက်ဆိတ်
ပုရွက်ဆိတ်အမျိုးပေါင်း ၃၀၀၀ ထဲကမှ Mutillidae မျိုးနွယ်တွေဟာ ကြီးမားပြီးတော့ ရှည်လျားတဲ့ အမွေးတွေဖုံးအုပ်နေပြီးတော့ အဖြူနဲ့ အမဲရောင်ရှိပါတယ်။ချီလီနိုင်ငံမှာ တွေ့ရပြီးတော့ အမွှေးတွေနဲ့ အရောင်တွေကြောင့်ပန်ဒါပုရွက်ဆိတ်လို့ လူသိများပါတယ်။
လိင်တံမြွေ
အမျိုးသားတွေရဲ့လိင်အင်္ဂါနဲ့တူတဲ့အတွက် ဒီနာမည်ပေးထားတာဖြစ်ပါတယ်။မျက်လုံးမပါတဲ့ Atretochana eiselti လို့ခေါ်တဲ့ တွားသွားမျိုးနွယ်ဝင်ဖြစ်ပါတယ်။ရေအောက်မှာ နေထိုင်ကြပြီးတော့ ပြားတဲ့ဦးခေါင်းရှိကာ ရေယက်ပြားနှစ်ခုပါဝင်ပါတယ်။
Umbonia Spinosa
အင်းဆက်မျိုးနွယ်ဝင်ပိုးကောင်ဖြစ်ပြီးတော့ အပင်နဲ့ပန်းပွင့်တွေက ၀တ်ရည်တွေကို စားသောက်တတ်ကြပါတယ်။သူတို့ရဲ့နောက်ကြောပိုင်းနဲ့ ၀မ်းဗိုက်ပိုင်းကို တော့ မာကြောပြီး ပန်းပွင့်နဲ့သဏ္ဍာန်တူတဲ့ အရာတစ်ခုနဲ့ဖုံးအုပ်ထားပါတယ်။အမေဇုံ မုတ်သုန်တောတွေမှာ တွေ့ရပါတယ်။
ဖြူကောင်တစ်မျိုး
မာဒါဂတ်စကာမှာတွေ့ရတဲ့ ဖြူကောင်တစ်မျိုးဟာ ကိုယ်လုံးသေးငယ်ပြီးတော့ အစွမ်းလဲထက်ပါတယ်။မြွေနဲ့ကင်းမြီးကောက်တွေကိုတောင် ဖမ်းယူစားသောက်တတ်ပြီးတော့ အဆိပ်စူးတွေကလဲ သူ့ရဲ့အကောင်းဆုံးလက်နက်ပါတဲ့
ဝတ်ရည်စုပ်ဌက်သဏ္ဍာန် ပိုးဖလံ
အမေရိကနဲ့ ကနေဒါတွေမှာတွေ့ရတတ်ပြီးတော့ သိမ်းငှက်ပိုးဖလံလို့ခေါ်ကြတဲ့ ဒီ ပိုးဖလံတစ်ကောင်ဟာ ၀တ်ရည်စုပ်ဌက်နဲ့သဏ္ဍာန်တူပြီး တောင်ပံခတ်သံတွေကလဲ အတူတူပဲဖြစ်ပါတယ်။သူကလဲ ပန်းဝတ်ရည်တွေကို စုပ်ယူစားသောက်တာဖြစ်ပါတယ်။

Glaucus Atlanticus
နဂါးပြာလို့ လူသိများတဲ့ ဒီအကောင်ဟာ အပြာရောင် ပင်လယ်မျော့တစ်မျိုးဖြစ်ပါတယ်။သမုဒ္ဒရာရဲ့ ရေနွေးတဲ့နေရာတွေမှာ နေထိုင်ကြပြီးတော့ ရေပေါ်မှာ ဘောလောပေါ်နေတတ်ပါတယ်။
ကျိုင်းကောင်ပုဇွန်
ပုဇွန် ဆိုပေမယ့် ကျိုင်းကောင်ပုံစံ ထွက်နေပါတယ်။ပုဇွန်သတ်သမားလို့ လဲလူသိများပြီး ပုဇွန်ဆိတ်ကလေးတွေကို ဖမ်းယူသတ်ဖြတ်လို့ ဖြစ်ပါတယ်။ကမ်းဦးရေတိမ်ပိုင်းတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။
Venezuelan Poodle Moth
ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၀၉ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အမြင်ဆန်းတဲ့ အကောင်တစ်မျိုးပါ။သူ့ရဲ့ခေါင်းက ဦးမြှင်တွေဟာ တောင်ဆိတ်ရဲ့ ချိုတွေလို အလွန်လှပပါတယ်။ညဘက်ပိုင်းမှာသာ တွေ့ရလေ့ရှိပါတယ်။
လူလိုသွားတွေပါတဲ့ ငါး
ပါကူငါးလို့ခေါ်ပြီးတော့ ပါပူအာ နယူးဂီနီမှာ တွေ့ရတဲ့ငါးတစ်မျိုးပါ။သူ့ရဲ့ သွားတွေက လူလိုပဲ သွားတွေဖြစ်ပြီး ဒေသခံငါးဖမ်းသမားတွေကတော့ ကံဆိုးခြင်းလို့ ယူဆပါတယ်။ဒီငါးဟာ ပိုက်ကွန်တွေကို သူ့သွားတွေနဲ့ ကိုက်ဖြတ်တတ်လို့ ဖြစ်ပါတယ်။
သစ်ပင်မြွေပွေး
အာဖရိကရဲ့ သစ်တောတွေမှာတွေ့ရပြီးတော့ ဒီမြွေပွေးရဲ့ အကြေးခွံတွေဟာ သစ်ရွက်တွေလို ဖြစ်နေပါတယ်။အဆိပ်ပြင်းတဲ့ မြွေတစ်မျိုးဖြစ်ပေမယ့် အရောင်ကတော့ တောက်ပတာကြောင့် လူသိများပါတယ်။
အိုကာပီ
ကွန်ဂိုနိုင်ငံရဲ့ အထိမ်းအမှတ်လဲဖြစ်ပြီးတော့ ကွန်ဂိုမှာပဲတွေ့ရတဲ့ ဒီအကောင်တွေဟာ မြင်းကျားမကျ သစ်ကုလားအုတ်မကျ ဖြစ်ပါတယ်။အပြေးမြန်ပြီးတော့ အခုအခါမှာ အကောင်ရေနည်းနည်းသာ သဘာဝအတိုင်းကျက်စားတော့ပါတယ်။
Wednesday, October 30, 2013
ထူးဆန်းသလို တကယ်လဲ အသုံးဝင်တဲ့ တီထွင်မှုများ
ငှက်အစာကျွေးလို့ရတဲ့ စဉ်းတီတုံး
ပေါင်မုန့်ကြမ်းတွေနဲ့ ကြွပ်ရွတဲ့မုန့်တွေကို လှီးဖြတ်တဲ့အခါမှာ အသုံးပြုနိုင်မှာဖြစ်ပြီး လှီးပြီးသွားရင် ကျလာတဲ့ အမှုန်တွေကို အပေါက်ကလေးတွေထဲ ထည့်လိုက်ရင် ငှက်စာအဖြစ်အသုံးပြုနိုင်ပါတယ်တဲ့။
ဘောပင်ထိပ်က ဇွန်းခက်ရင်းများ
ရုံးသမားတွေ အဆင်ပြေစေဖို့ပါတဲ့ တကယ်လို့ မုန့်တစ်ခုရှိပြီးတော့ စားဖို့ ဇွန်းနဲ့ ခက်ရင်းတွေ ရုံးခန်းထဲမှာ မရှိရင် ဒီဘောပင်ထိပ်စွပ်လေးတွေကို ရေပြောင်အောင်ဆေးပြီး စားသောက်နိုင်ပါတယ်။အသင့်အတင့်မာကျောပြီး လှီးဖြတ်နိုင်အောင်လို့ ဒီဇိုင်းထုတ်ထားပါတယ်။
နက်တိုင် အရက်ပုလင်း
ရှကီဘဲတွေ အတွက်တော့ အံကိုက်ပဲ။အလုပ်ချိန်မှာအရက်မသောက်ရဘူး ဆိုတဲ့စည်းကမ်းတွေနဲ့ မသောက်ရင် မနေနိုင်တဲ့ လူတွေအတွက် စီမံထားတာပါ။အပေါ်က ကုတ်အကျီကို ကျပ်ကျပ်ဝတ်လိုက်ရင် အထဲမှာ အရက်တွေထည့်ထားမှန်းမသိနိုင်ပါဘူး၊ကုတ်အကျီမပါဘဲနဲ့တော့ မတပ်နဲ့ပေါ့။အလေးချိန်ကြောင့် သိသာစေမှာဖြစ်ပါတယ်။
မီးလင်းတဲ့ ဖိနပ်
ညဘက် အပေါ့အပါး သွားချင်လို့ဘဲဖြစ်ဖြစ် အမှောင်ထဲမှာ လမ်းလျောက်ရင် ခလုတ်တိုက်မိ၊တစ်ခုခုကို နင်းမိတာတွေ၊ချော်လဲတာတွေ ဖြစ်တတ်ကြတဲ့အတွက် မီးလင်းတဲ့ ဖိနပ်ကို တီထွင်လိုက်ပြီးတော့ ဖိနပ်ကို ညအချိန်မှာ စီးလိုက်တာနဲ့ မီးလင်းစေမှာဖြစ်ပါတယ်။နေ့ဘက်မှာ စီးရင်တော့ မီးမလင်းပါဘူးတဲ့
စန္ဒယား လူခေါ်ဘဲလ်
ခလုပ်ငါးခုပါဝင်ပြီး အသံငါးခုမြည်နိုင်တဲ့ ဒီလူခေါ်ဘဲလ်ဟာ စောင့်ရတဲ့လူတွေ အတွက်ဖန်တီးပေးထားတာပါ။တကယ်လို့ ဘဲလ်တီးတာတောင် အထဲက တုံပြန်မှုကို စောင့်နေရမှာပျင်းရင် ကိုယ်တတ်သလောက်မှတ်သလောက် စန္ဒယားတီးနိုင်ပါတယ်။အထဲကလဲ နားငြီးလို့ ချက်ချင်းထွက်လာမှာဘဲ။
ပင်ပေါင် ရိုက်လို့ရတဲ့ တံခါး
ကျောင်းသားတွေနေတဲ့ အဆောင်မှာ စမ်းသပ်တပ်ဆင်ခဲ့ပြီး ဟိုဖက်အခန်းနဲ့ ဒီဖက်အခန်း မကြေပွဲနွဲလို့ ရအောင်စီစဉ်ပေးထားပါတယ်။
ခွေးတူဘဲတူ နှုတ်သီး
သင့်အိမ်မှာ ကိုက်တတ်တဲ့ခွေးရှိသလား၊ဧည့်သည်တွေအိမ်လာပြီဆိုရင်တော့ ဒီလိုနှုတ်သီးစွပ်လေးကို တပ်ဆင်ပေးထားရင် ခွေးကလဲကိုက်လို့မရတော့၊ရုပ်ကလဲ ရုပ်ပြောင်ဖြစ်သွားတာပေါ့။အဲဒီတော့ သင့်ခွေးကို အခန်းထဲမှာ ပိတ်ထားစရာ ကြိုးချည်ထားစရာလဲ မလိုတော့ဘူးပေါ့
လမ်းလျှောက်ဆောင်း ခွေးထီး
လာပြန်ပြီ။ခွေးချစ်သူများအတွက်ပါပဲ။မိုးတွင်းပဲဖြစ်ဖြစ် နှင်းကျတဲ့ဆောင်းတွင်းပဲ ဖြစ်ဖြစ် ခွေးထွက်ကျောင်းရင် ကိုယ်ကတော့ ထီးဆောင်းပြီး ခွေးလေးကိုမဆောင်းပေးတာ မတရားရာမကျဘူးလား။အခုတော့ ခွေးကို ထီးဆောင်းပေးနိုင်တဲ့ ထီးလေးပေါ်လာပါပြီ
ရေသေနတ်ထီး
ထီးအကြောင်းပြောရင်းနဲ့ တစ်ခါထဲပြောရဦးမယ်။ဒီထီးကတော့ မိုးရွာထဲဆောင်းရင်း သူများတွေကို လိုက်ပြီးရေပက်လို့ရအောင် တီထွင်ခဲ့တာပါ။ထီးရဲ့အပေါ်မှာ မိုးရေခံချိုင့်ခွက် တစ်ခုရှိပြီးတော့ အဲဒီကမိုးရေတွေနဲ့ အောက်ကသေနတ်နဲ့ ချိတ်ဆက်ပြီး ၁၀ ပေအကွာလောက်ထိ ပစ်နိုင်ပါတယ်။
စကူတာ ကလေးတွန်းလှည်း
လူမမည် ကလေးရှိတဲ့ မိဘတွေဆို ကလေးတွန်းလှည်းတွန်းပြီး ဈေးသွားတာ တွေလုပ်ရင်အရမ်းကို အချိန်ကြာပါတယ်။ခြေထောက်လဲညောင်းပါတယ်။အခုတော့ ကလေးလဲသယ်ပြီး မြန်မြန်သွားနိုင်ဖို့ စကူတာကို တီထွင်လိုက်ပါတယ်။သတိနဲ့ မောင်းဖို့တော့လိုတယ်နော်။
အားပေးမှုကို ကျေးဇူးတင်ပါတယ်။
မောင်စိုင်း
Friday, October 25, 2013
Halloween ဟယ်လိုဝိန်း
ဟယ်လိုဝိန်းပွဲဆိုတာ
ဟယ်လိုဝိန်းပွဲဆိုတာ အမေရိကန်မှာ အထူးသဖြင့်ကျင်းပကြပါတယ်။အခုနောက်ပိုင်းတော့ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပကြလေ့ရှိပြီးတော့ များသောအားဖြင့် အနောက်တိုင်း ခရစ်ယာန်နိုင်ငံတွေမှာ ကျင်းပပါတယ်။နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ဟယ်လိုဝိန်း ညဖြစ်ပါတယ်။အလယ်ခေတ်မှာ သူတော်ကောင်းတွေကို (Hallows)လို့ ခေါ်ကြပြီးတော့ အဲဒီနေ့ကတော့ သူတော်ကောင်းတွေနဲ့ ဆွေမျိုးတွေထဲက သေဆုံးသွားပြီး နတ်ပြည်ရောက်သွားတဲ့ နတ်သားတွေအတွက် ပူဇော်ကြပါတယ်။အဲဒီ Hallows တွေကနေ ဟယ်လိုဝိန်းဆိုပြီး ပြောင်းလဲလာတာပါ။
ဟယ်လိုဝိန်းလို့ပြောလိုက်တာနဲ့ဖရုံသီး မီးပုံးတွေကိုမြင်ကြရမှာပါ။အဲဒီဖရုံသီးတွေကတော့ ခေါင်းပြတ် ဖရုံသီး သရဲ Jack-O-Lantern ရဲ့အမှတ်အသားဖြစ်ပါတယ်။ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး ကလေးတွေရော လူကြီးတွေရော သရဲတို့၊စုန်းတို့ နောက်ပြီးမြင်နေကြမဟုတ်တဲ့ အ၀တ်တွေဝတ်ကြပြီးတော့ အိမ်လည်ကြပါတယ်။ကလေးတွေက Trick or Treat ဆိုတဲ့ကစားနည်းကို ကစားကြတယ်။မုန့်ကျွေးမလား အစနောက်ခံမလားပေါ့ အိမ်ပေါက်ဝမှလိုက်ပြီးတော့ တောင်းကြပါတယ်။လူကြီးတွေက သကြားလုံးတွေ မုန့်တွေ ပေးရပါတယ်။မပေးရင် စနောက်ကြပါတယ်။ခရမ်းချဉ်သီးတွေ၊ကြက်ဥတွေနဲ့ ပစ်ပေါက်ကြပါတယ်။
အိမ်တွေမှာ ပါတီပွဲတွေ ကျင်းပပြီးတော့ ပန်းသီးရေပေါ်စားနည်းတွေ၊ဖယောင်းတိုင်မှုတ်နည်းတွေ နဲ့ အခြားဂိမ်းတွေကို ဆော့ကစားကြလေ့ရှိပါတယ်။ပြီးရင်တော့ ညနက်နက်မှာ သွားလေသူအိမ်သားတွေ အဘိုးတွေရဲ့ သချိုင်းကုန်းက အုတ်ဂူကိုသွားပြီးတော့ ဖယောင်းတိုင်တွေ၊စားစရာတွေနဲ့ ပန်းတွေသွားပေးလေ့ရှိကြပါတယ်။

Subscribe to:
Posts (Atom)