GMO ဆိုတာ ဘာလဲ?
GMO ဆိုတာ Genetically Modified Organisms(မျိုးရိုးဗီဇအရ ပြုပြင်ပြောင်းလဲထားတဲ့ သက်ရှိတွေ)လို့ခေါ်ဆိုနိုင်ပါတယ်။နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ ရာသီပေါ်သီးနှံတွေကို ရာသီမဟုတ်လဲ စားသောက်နိုင်ဖို့ ပိုးမွှားဒဏ်ခံနိုင်ဖို့ အရသာတွေ ထူးကဲလာဖို့နဲ့ အရေအတွက်တွေ၊အရွယ်အစားတွေတိုးပွားလာဖို့ အတွက်ကို နည်းပညာတွေ အသုံးပြုပြီးတော့ ဆောင်ရွက်လာကြတာဖြစ်ပါတယ်။
GMO ဘယ်ကစ?
သိပ္ပံပညာရှင်တွေဟာ မတူညီတဲ့ DNA တွေကသက်ရှိတွေ အခြင်းခြင်း ကူးပြောင်းနိုင်တယ်ဆိုတာကို ၁၉၄၆ ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။၁၉၈၃ ခုနှစ်မှာတော့ ပထမဆုံး မျိုးဗီဇပြောင်းလဲထားတဲ့ သီးနှံကို စမ်းသပ်အောင်မြင်ခဲ့ပါတယ်။အဲဒါကတော့ မှိုရောဂါနဲ့ ပိုးရောဂါတွေကို ခုခံနိုင်စွမ်းရှိတဲ့ ဆေးရွက်ကြီးပင်တစ်မျိုးပါ။၁၉၉၀ ပြည့်နှစ်စောပိုင်းတွေမှာ မျိုးစပ်နည်းပညာတစ်ခုဖြစ်တဲ့ Recombinant Chymosin ကို အသုံးပြုတဲ့ နည်းလမ်းကို ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ လက်ခံပြီး တရားဝင်ခွင့်ပြုခဲ့ကြပါတယ်။၁၉၉၅ ခုနှစ်မှာတော့ ပြောင်းဖူး၊၀ါဂွမ်းနဲ့ ပဲပိစပ်တွေကို အမေရိကန်နိုင်ငံမှာ GMO စတင်စိုက်ပျိုးခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ GMO ရဲ့ထိပ်သီးနိုင်ငံဖြစ်ပြိးတော့ ကမ္ဘာမှာ GMO အသုံးပြုဆုံးဖြစ်ပါတယ်။၂၀၁၃ ခုနှစ် စာရင်းတွေအရ ၈၅% သောပြောင်းဖူးတွေ၊၉၁% သော ပဲပိစပ်၊၈၈% သော ၀ါဂွမ်းတွေအားလုံးဟာ GMO နဲ့ထုတ်လုပ်ခဲ့ကြပါတယ်။
GMO က အန္တာရာယ်ရှိစေသလား?
အကြမ်းဖြင်း အနေနဲ့ပြောရရင်တော့ အန္တာရာယ်မရှိစေပါဘူး။ဒါပေမယ့် အသေးစိတ်လေ့လာချက်တွေအရ ကင်ဆာအပါအ၀င် အခြားရောဂါတွေက GMO နဲ့ မကင်းရာမကင်းကြောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။
GMO သစ်သီးဝလံများ
သစ်သီးဝလံတွေထဲမှာမှ နာမည်ကြီးတာတွေကတော့ Lamato လို့ခေါ်တဲ့ သံပယိုသီးအခွံနဲ့ အထဲက ခရမ်းချဉ်သီးပါ။ရာသီဥတုဓါတ်ခံနိုင်သလို အရသာလဲပြည့်စုံပါတယ်။ဒီလို သီးနှံတွေထဲမှာ GMO နည်းပညာနဲ့ ဟော်မုန်းတွေနဲ့ DNA တွေရော နှောထားပြီးတော့ တကယ်လို့ အဲဒီသီးနှံက မျိုးဆက်သုံးဆက် မကျော်သေးရင်တော့ အန္တာရာယ်ရှိနိုင်ပါတယ်။မိန်းကလေးနဲ့ယောက်ျားလေးတွေရဲ့ ဟော်မုန်းပြောင်းလဲမှုကို နှောင့်ယှက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
GMO အသား၊နို့တွေ
အဓိကားအားဖြင့် ကြက်တွေကို အသုံးပြုတာများပါတယ်။အသားစားကြက်တွေကို GMO နဲ့ထူးခြားပြီး အသားများပြားအောင် ပြုလုပ်လာကြပါတယ်။ကြက်တောင်ပံတွေနဲ့ ကြက်ခြေထောက်တွေရောင်းချမှုများပြားလာတာနဲ့အမျှ ဒီလို တောင်ပံတွေနဲ့ ခြေထောင်တွေ အပိုပါတဲ့ကြက်တွေ မွေးမြူလာကြပါတယ်။ပြီးတော့ ကြက်တွေကို အမွှေးနှုတ်ရသက်သာအောင် အမွှေးမပါတဲ့ ကြက်တွေကို စမ်းသပ်ခဲ့ကြပါတယ်။
အမွှေးမပါတဲ့ကြက်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ပြီးတော့ အသားတိုးကြက်တွေဆိုတာ နေ့နဲ့ချိန်တွက်ပြီး မွေးမြူကြတာဖြစ်ပါတယ်။GMO နည်းနဲ့ထုတ်လုပ်ထားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့အချိန်အလိုက် ထိုးပြီးတော့ အခုနောက်ပိုင်းတော့ အသားတိုးကြက်စာတွေဆိုပြီးတော့ အထဲမှာ မျိုးစပ်ဟော်မုန်းတွေ ပါဝင်ပြီးသားဖြစ်ပါတယ်။အဲဒီကြက်တွေဟာ ရက်၄၀ အတွင်းမှာပဲ ကြီးထွားလာပြီးတော့ ရောင်းဖို့ အသင့်ဖြစ်နေပါတယ်။အခြားနိုင်ငံမှာတော့ အစာကျွေး၊ဆေးထိုးပြီး ဘယ်လောက်ကြာမှ ရောင်းချသင့်တယ်ဆိုတာ သတ်မှတ်ချက်ရှိပေမယ့်လဲ အားနည်းတဲ့ ကျွန်တော်တို့နိုင်ငံမှာ အလေးချိန်တက်အောင်လို့ အစာတွေစွတ်ကျွေးတာမျိုးတွေ၊ဆေးထိုးတာတွေကို မြင်တွေ့နေရပြီးတော့ အဲဒီဆေးတွေကနေ ဓါတုဓါတ်ကြွင်းတွေ ဘယ်လောက်တောင် ကျန်နေလဲဆိုတာ မမြင်သိနိုင်ပါဘူး
ဒါကတော့ ယခင်နဲ့ယခု ကွာခြားပုံလေးတွေကို ဖော်ပြထားတာဖြစ်ပါတယ်။
ဒီဟော်မုန်း ဓါတ်ကြွင်းတွေကြောင့် အမျိုးသမီးတွေစားမိရင် အရွယ်မတိုင်မီ အပျိုဖော်ဝင်လာတာမျိုးတွေ(အသက် ၅ နှစ်နဲ့ ဓမ္မတာပေါ်တာမျိုး)တွေကို အများကြီး တွေ့လာရပါတယ်။တကယ်လို့ မဟော်မုန်းများတဲ့ အစားအစာတွေကို ယေက်ျားလေးတွေစားမိရင် ဟော်မုန်းပြောင်းလဲခြင်းကို အများဆုံးခံစားရပြီးတော့ စိတ်ပျော့ညံ့လာတာမျိုး၊တစ်ချို့ဆိုရင် ED ဖြစ်တဲ့အထိပါ ခံစားရနိုင်ပါတယ်။
ဒါကတော့ နိုင်းယှဉ်မှုလေးနောက်တစ်ခုပါ။
အသားတိုးဝက်တွေကိုလဲ အသားတိုးဆေးနဲ့ အစာတွေကျွေးပြီး မွေးမြူတာကြောင့် အစာအိမ်သွေးယိုမှုတွေဖြစ်ပါတယ်။ဥပမာ ၆ လကြာရင် ပေါ်ရမယ့် ၀က်ကို ၆ လမှာမပေါ်သေးဘဲ စောင့်နေရင် အဲဒီဝက်ဟာ ၆ လကျော်တာနဲ့ သူ့အလိုလိုသေဆုံးသွားတာကိုတွေ့ရတဲ့တယ်လို့ Institute Of Health & Environmental Research in Adelaide မှာ ဖော်ပြထားပါတယ်။အဲဒီ သုတေသနကို ဦးဆောင်ခဲ့တဲ့ ပရော်ဖက်ဆာ Judy Carmen ကလဲ ဒီ GMO ၀က်စာတွေကြောင့် ၀က်တွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။အသေးစိတ်ကိုဒီမှာကြည့်ပါ
အမေရိကန် သိပ္ပံပညာရှင်တွေနဲ့ သြစတေးလျ သိပ္ပံပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ သုတေသနအရလဲ ဒီလိုညွန်ပြနေပြီးတော့ ၀က်တွေရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာတွေကို ထိခိုက်စေတယ်လို့ ပြောပါတာ်။အသေးစိတ်ကို ဒီမှာကြည့်ပါ
ပြီးတော့ ဒီGMO တွေဟာ လူတွေကို ထိလိုက်စေတယ်ဆိုတာ အများကြီးရှိပါသေးတယ်။အသေးစိတ်လေ့လာချင်ရင်တော့ ဒီမှာလေ့လာပါ
နောက်ပြီး လူတွေအနေနဲ့ ဘယ်လို ရောဂါတွေ ဖြစ်နိုင်ချေများသလဲဆိုတာ ဒီမှာလေ့လာပါ
အဓိကအားဖြင့်တော့
သေဆုံးမှုတွေ
အစားအစာဓါတ်မတည့်မှုတွေ
ကင်ဆာနဲ့ မျိုးပွားခြင်းဆိုင်ရာပြောင်းလဲမှုတွေ
ဗိုင်းရပ်နဲ့ ဘက်တီးရီးယား ကူးစက်မှုတွေ
ကလေးမွေးဖွားရာတွင် ပုံမမှန်ခြင်းနဲ့ သက်တမ်းတိုမှုတွေ
အခြားရောဂါတွေ များစွာရဲ့ ဖြစ်ပေါ်လာပုံနဲ့ ပက်သက်မှုတွေကို အပေါ်မှာပေးထားတဲ့ လင့်တွေကနေ ၀င်လေ့လာနိုင်ပါတယ်။
နောက်အလျဉ်းသင့်ရင်ဖော်ပြပေးပါ့မယ်
မောင်စိုင်း
No comments:
Post a Comment