Saturday, September 28, 2013

ကမ္ဘာတစ်ဝှမ်းက ထူးဆန်းတဲ့ အစားအစာ ၁၀ မျိုး

နံပါတ် ၁၀
နှံကောင်ကြော် (မော်ရီလေးယား၊မက္ကဆီကို)

ဒီပိုးကောင်ကြော်လေးတွေကတော့ မက္ကဆီကို ရဲ့ စားသောက်ဆိုင်တော်တော်များများမှာ တွေ့ရတတ်ပါတယ်။တကယ်အရသာမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့။စားဖူးတဲ့သူတိုင်းက နောက်တစ်ခါ ထပ်စားချင်လောက်အောင်ကို အရသာရှိပါတယ်။ဒီနှံကောင်လေးတွေကိုတော့ လယ်ကွင်းတွေနဲ့ မြက်ခင်းတွေကနေ ဖမ်းထားတာဖြစ်ပါတယ်။နဲနဲ ငံပေမယ့် အရသာအရမ်းရှိပါတယ်တဲ့

နံပါတ် ၉
Calamari ကင်းမွန်ငါး


ကလာမာရီလို့ခေါ်တဲ့ ကင်းမွန်တစ်မျိုးကတော့ ကြည့်ရတာလှပပါတယ်။ဒါပေမယ့် ဒီငါးကို အစိမ်း(အရှင်မဟုတ်ပါ)စားသောက်ကြတာပါ။ဒီငါးတွေကို လတ်လတ်ဆတ်ဆတ်ဖမ်းလာပြီးတော့ ဒီငါးတွေရဲ့ ကလီစာတွေကို ထုတ်လိုက်ပြီး နှပ်ထားတဲ့ သံလွင်သီးအနက်ရောင် ဒါမှမဟုတ် သံလွင်သီးအချဉ်တွေကို ငါးတွေရဲ့ အိတ်ထဲထည့်ပြီးတော့ အကွင်းလေးတွေလှီးကာ စားသောက်တတ်ကြပါတယ်။စပိန်နိုင်ငံ မှာအများအားဖြင့် စားသောက်လေ့ရှိပါတယ်။တကယ်လို့ စမ်းစားကြည့်မယ်ဆိုရင်တောင် သူ့ရဲ့အရသာအမှန်ကို မသိလိုက်ဘဲ ချွဲကျိကျိကို သာခံစားရမှာဖြစ်ပါတယ်

နံပါတ် ၈
နွားအစာအိမ် ဟင်းရည်



ကော်စတာရီကာ နိုင်ငံသားတွေရဲ့ အကြိုက်ပါပဲ ဒါပေမယ့် အနောက်နိုင်ငံသားတွေ အတွက်တော့ နွားအစာအိမ်ဆိုတာ ရွံစရာတစ်ခုပါပဲ။ကြည့်ရတာ အကွက်တွေထပြီးတော့ ရွံစရာကောင်းပေမယ့်လဲ တကယ်အရသာရှိပါတယ်။မြန်မာ နိုင်ငံသားတွေ အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။

နံပါတ် ၇
ချောကလက်အုပ်ထားတဲ့ ၀က်ပေါင်ခြောက်တွေ


အမေရိကန်နိုင်ငံ မှာ ထုတ်လုပ်ပါတယ်။ဝက်ပေါင်ခြောက်ပေါ်ကို ချောကလက်နဲ့ သကြားလုံးတွေ အုပ်ထားပါတယ်။အငန်ကဲတဲ့ ၀က်ပေါင်ခြောက်ကို ချောကလက်နဲ့ရောစပ်လိုက်တာက ရူးတဲ့ အကြံတစ်ခုဆိုပေမယ့် အဲဒီနှစ်မျိုးရဲ့ အရသာပေါင်းစပ်မှုကတော့ အံသြစရာကောင်းပါတယ်။

နံပါတ် ၆
Kool-Aid ကြော်

Kool-Aid ဆိုတာချယ်ရီသီးဖျော်ရည်တစ်ခုပါ။ဒါကို ကြော်လိုက်တယ်ဆိုတော့ သင်နဲနဲထူးဆန်းနေပါလိမ့်မယ်။ဟုတ်ပါတယ်။အမေရိကမှာသာရရှိနိုင်ပြီးတော့ အ၇သာကတော့ ဘာအရသာလို့ခွဲခြားပြဖို့မလွယ်ကူပါဘူးတဲ့။

နံပါတ် ၅
ပိုးကောင်တုတ်ထိုး

အရှေ့တောင်အရှနိုင်ငံတွေ တော်တော်များများက ဒီပိုးကောင်တုတ်ထိုးကို နှစ်သက်ကြပါတယ်။အထူးသဖြင့်ကတော့ ကင်းမှီးကောက်တွေ၊ပိုးတောင်မာတွေ၊ရေနဂါးတွေနဲ့ ပိုးဟပ်တွေ ဖြစ်ကြပါတယ်။အမြင်ဆိုးပေမယ့် တကယ်အရသာလဲ ရှိ အာဟာရလဲရှိတဲ့ အစားအစာပါ။ဒါပေမယ့် တစ်ချို့ပိုးကောင်တွေက နံလို့ နှာခေါင်းပိတ်ထားဖို့တော့ လိုမယ်နော်.

နံပါတ် ၎
နံစော်နေတဲ့ တို့ဖူး


တရုတ်နိုင်ငံက နံစော်နေတဲ့ တို့ဖူး(ပဲပြား)ဟင်းရည်ပါ။ဒါပေမယ့် တကယ်ကတော့ နှာခေါင်းပိတ်ထားရင် အဲလောက်မနံပါဘူးတဲ့။မြန်မာနိုင်ငံက ပဲဖတ်ချဉ်တို့ နှမ်းဖတ်ချဉ်တို့လိုမျိုး အနံ့ဖြစ်မှာပေါ့။ဒါပေမယ့် နူးညံ့ပြီးတော့ အရသာက အရမ်းထူးခြားလို့ နောက်ထပ်လိုက်ပွဲတစ်ပွဲတော့ အနည်းဆုံးစားဖြစ်ကြတယ်လို့ သိရပါတယ်။

နံပါတ် ၃
ကိုရီးယားက ဂင်ချီကြော်


မြန်မာနိုင်ငံနဲ့ အာရှက နိုင်ငံတွေကတော့ ဂင်ချီကို သိပ်မထူးဆန်းတော့ပေမယ့် အနောက်တိုင်းက လူတွေကတော့ ဂင်ချီကို နံပါတ် ၃ ထည့်လိုက်ပါတယ်။အနံ့ကလဲ နံတဲ့အပြင် အရသာကလဲ ချဉ်စုပ်စုပ်နဲ့ စပ်တဲ့အရသာလဲ ခံစားရပြီး အနဲငယ်ငံပါတယ်။ဒီလို အစားအစာကိုတော့ သူတို့က အထူးအဆန်းလို့ သတ်မှတ်ပြီးတော့ စားဖူးအောင်ပဲ စားကြပါတယ်။

နံပါတ် ၂ 
ဂျပန်နိုင်ငံက ဖူဂူငါး


မြန်မာလိုဆိုရင်တော့ ငါးပူတင်းဖြစ်ပါတယ်။ငါးပုတင်းမှာ အဆိပ်ပါတဲ့အတွက် အနောက်နိုင်ငံသားတွေ မစားဝံ့ကြပါဘူး။ပြီးတော့ စားပြီးသွားရင်လဲ ပါးစပ်ကြီး ထုံပြီးကျန်နေခဲ့ပါတယ်တဲ့။

နံပါတ် ၁
အီတလီနိုင်ငံက ပီဇာတစ်မျိုး


ဒီပီဇာ နာမည်ကြီးရတာကတော့ သူရဲ့ဈေးနှုန်းကြောင့်ဖြစ်ပါတယ်။ပုံထဲက ပီဇာတစ်ချပ်ကို ဒေါ်လာ ၁၀၀၀ ပေးရပါတယ်။ဘာလို့ဈေးကြီးတာလဲ။ဒီပီဇာမှာ အဓိက ငါးဥတွေနဲ့ ကျောက်ပုဇွန်တွေပါဝင်ပါတယ်။အဲဒီပီဇာရဲ့ အရသာက လူကို ရူးသွပ်သွားလောက်အောက် ကောင်းပါတယ်တဲ့။သင့်ရဲ့ အရသာခံဖုလေးတွေကို အငန်နဲနဲပါတဲ့ ငါးဥလေးတွေက ဖျော်ဖြေပေးတာကြောင့် ပြဇတ်တစ်ပုဒ်ထဲရောက်သွားသလိုပဲလို့ အမြဲတမ်းလာရောက်စားသောက်တဲ့သူတစ်ယောက်ကပြောပါတယ်။ဒီပီဇာဆိုင်ကို လာဖို့အတွက် နှစ်စဉ်ပိုက်ဆံစုပြီးတော့ လာစားဖြစ်တယ်လို့ ပီဇာချစ်သူကပြောပါတယ်။

ကျေးဇူးတင်ပါတယ်နော်

အချက်အလက်များကို အောက်ပါဝက်ဆိုဒ်မှ ကုးယူဖော်ပြခြင်းဖြစ်ပါသည်။

Wednesday, September 25, 2013

အဖွင့်စာမျက်နှာ

ကျွန်တော်သိသမျှ လေ့လာဖူးသမျှ အကြောင်းအရာ ဗဟုသုတလေးတွေကို သူငယ်ချင်းများနဲ့ ညီအစ်ကိုမောင်နှမများ လေ့လာဖတ်ရှုနိုင်အောင်လို့ စီစဉ်ပေးထားပါတယ်။
ကျေးဇူးတင်ပါတယ်။

Today's Quotes

THANK YOU
This blog is for knowledge sharing only.I admit all the post are another website or blogs.